Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့ ပေါက်ကွဲမှုသုံးခုတွင်တာမွေဖြစ်စဥ်မှာ မြို့ပြ​​ပြောက်ကျားက​ထောင်​သော်လည်းစစ်ကောင်စီတပ်က ဖောက်ခွဲ၊ ကျန်ဖြစ်စဥ်နှစ်ခုမှာလည်းစစ်တပ်ကခွဲဟုသံသယဖြစ်ဖွယ်ရှိဟု​ဒေသခံနှင့်မျက်မြင်​တွေ့ရှိသူများ​ပြော

ရန်ကုန် မြို့နယ်သုံးခုမှ ပေါက်ကွဲမှုများတွင် တာမွေဖြစ်စဥ်မှာ စစ်ကောင်စီတပ်က ဖောက်ခွဲခြင်းဖြစ်ပြီး ကျန်ဖြစ်စဥ်နှစ်ခုမှာလည်း စစ်တပ်ကခွဲသည်ဟုသံသယဖြစ်ဖွယ်ရှိကြောင်း ဒေသခံပြည်သူများနှင့်မျက်မြင်တွေ့ရှိသူများကပြောသည်။

တာ​မွေတွင်စစ်​ကောင်စီက​တွေ့​သော ဗုံးကိုခွဲရန်ပြင်​နေစဥ် ဓါတ်ပုံ-CJ
တာ​မွေတွင်စစ်​ကောင်စီက​တွေ့​သော ဗုံးကိုခွဲရန်ပြင်​နေစဥ် ဓါတ်ပုံ-CJ

▪︎တာ​မွေဖြစ်စဥ်

တာမွေဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)နေ့လယ် ၁၁ နာရီခွဲခန့်က ဗညားဒလလမ်းပေါ် အောင်မဂ်လာလမ်းထိပ်နားတွင် မြို့ပြပြောက်ကျားအဖွဲ့များဖြစ်သော Yangon Liberation Force (YLF)နှင့် Urban Revolutionary Front (URF)တို့မှ စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ဗုံးထောင်ထားခဲ့သည်ဟု ယင်းအဖွဲ့များက အသိ ပေးသည်။

စစ်ကောင်စီတပ်အားတိုက်ခိုက်ရန် ထောင်ထားသည့်အဆိုပါဗုံးကို အမှိုက်ကောက်သည့်က လေးများကတွေ့သွားပြီးနောက် ရဲကသိရှိသွားကာ ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း YLF က ထုတ်ပြန်သည်။

တာ​မွေတွင်စစ်​ကောင်စီက​တွေ့​သော ဗုံးကိုခွဲရန်ပြင်​နေစဥ် ဓါတ်ပုံ-CJ
တာ​မွေတွင်စစ်​ကောင်စီက​တွေ့​သော ဗုံးကိုခွဲရန်ပြင်​နေစဥ် ဓါတ်ပုံ-CJ

“အသက် ၂၇ နဲ့ ၃၅ ကြားရှိမယ့် အမှိုက်ကောက်တဲ့ တစ်ယောက်က ကိုင်ကြည့်တယ်။ ဖွင့်ကြည့်တယ်။ ပြီးတော့ စက်ဘီးနဲ့ လူတစ်ယောက်ရောက်လာတယ် ။ အဲဒီလူက သတင်းပေးလို့ယူဆရတယ်။ သူကဖုန်းဆက်ပြီး ခေါ်လိုက်တာ ခွေးတွေကို”ဟု YLF မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယင်းနေရာသည် စစ်ကောင်စီတပ်မှယာဥ်များ ရပ်လေ့ရှိသောနေရာတစ်ခုဖြစ်သော်လည်း ယ နေ့တွင် မဆိုင်သူများကလည်း လာရောက်ကြည့်ရှုခဲ့သောကြောင့် ပြည်သူများ ထိခိုက်မှုမရှိစေရန် ဗုံးအားမဖောက်ခွဲဘဲ မစ်ရှင်ဖျက်သိမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ မဖောက်ခွဲဘဲ ထားခဲ့သောဗုံးများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၌ နေထိုင်သူတစ်ဦးက ပြောသည်။

“ပထမတစ်လုံးက သဲအိတ်တွေနဲ့ ဖုံးပြီးဖောက်တာ။ နောက်တစ်လုံးကျ အမှိုက်ပုံးထဲတင် ဖောက်လိုက်တာဖြစ်မယ်”ဟု ၎င်းက ဆိုသည်။

▪︎လှိုင်သာယာဖြစ်စဥ်

လှိုင်သာယာဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)နေ့ လယ် ၂ နာရီခန့်က (၅)ထိပ်မှတ်တိုင်အနီးတွင် မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး လူနှစ်ဦး အသေးစားဒဏ်ရာရသွားကြောင်း ယင်းနေရာအနီးတွင် နေသူတစ်ဦးကပြောသည်။

လှိုင်သာယာပန်းခြံအနီး​ပေါက်ကွဲပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ
လှိုင်သာယာပန်းခြံအနီး​ပေါက်ကွဲပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

“(၅)ထိပ်မှတ်တိုင်ပေါက်ကွဲမှုက သံသယဖြစ်စရာပဲ။ အဲ့ဒီနားမှာ ဆိုင်ကယ် ကယ်ရီသမားတွေနဲ့ စျေးသည်တွေပဲ ရှိတာ”ဟု ၎င်းကဆက်​ပြောသည်။

PDF နှင့် မြို့ပြ​ပြောက်ကျားတပ်ဖွဲ့တို့သည်ပြည်သူကိုမထိခိုက်ရန်နှင့်စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ရန်သာအာရုံစိုက်ပြီး စစ်​​ကောင်စီတပ်မရှိဘဲ ပြည်သူရှိ​​သော​နေရာတွင် ဗုံး​ဖောက်ခွဲမှုမှာ စစ်​ကောင်စီ နှင့် ၎င်းလက်​အောက်ခံများပြုလုပ်ခြင်းဟု ​ဒေသခံတစ်ဦးက​ပြောသည်။

▪︎စမ်း​ချောင်းဖြစ်စဥ်

စမ်းချောင်းဖြစ်စဥ်မှာ ယနေ့(ဇူလိုင် ၁၂)ညနေ ၃ နာရီခန့်က မြေနီကုန်းလမ်းဆုံ၊ ဗားကရာလမ်း ဒဂုံစင်နာမျက်နှာချင်းဆိုင်ပန်းခြံဘက် အခြမ်းတွင်ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြော သည်။

“အုန်း အုန်းဆိုပြီး အသံနှစ်သံကြားရတယ်ဗျ။ ကျွန်တော်တို့ကားလည်း အဲနားအရောက်၊ လမ်းကလည်း ကြပ်တယ်လေ။ ရောက်ယုံရှိသေးအုန်းတာပဲ”ဟု မျက်မြင်တွေ့ရှိသူအမျိုးသားတစ်ဦးက ပြောသည်။

​မြေနီကုန်းတွင်ဗုံး​ပေါက်ကွဲပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ
​မြေနီကုန်းတွင်ဗုံး​ပေါက်ကွဲပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားချိန် လမ်းဆုံ(လမ်းလယ်)ဘန်ကာအတွင်းရှိနေသော စစ်ကောင်စီတပ်သားနှစ်ဦးထက်မနည်းမှာ ပေါက်ကွဲမှုဖြစ်သည့်နေရာသို့ လှမ်းကြည့်ယုံသာကြည့်နေပြီး ပုံမှန်အနေအထားဖြင့်တွေ့မြင်ရကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့(စစ်ကောင်စီတပ်သားများ)က ဘန်ကာထဲမှာ။ နှစ်ယောက်တော့မြင်တယ်။ သူတို့က (လမ်း)အလယ်မှာ။ ပေါက်ကွဲတဲ့နေရာနဲ့ လမ်းရဲ့ဟိုဘက်ခြမ်း ဒီဘက်ခြမ်းသဘောမျိုးပေါ့။ လမ်းတစ်လမ်းစာလောက်ဝေးတယ်”ဟုအထက်ပါမျက်မြင်တွေ့ရှိသူက ရှင်းပြသည်။

ကနဦးသတင်းများအရ ပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦးလဲကျသွားသည်ဟု သိရှိရသော်လည်း နောက်ဆက်တွဲရရှိသော အချက် အလက်များအရ ပြည်သူရှစ်ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ၁ ဦး​သေဆုံးကြောင်း သိရသည်။

ယ​နေ့ ဝါဆိုလပြည့်နေ့တွင် အများပြည်သူများ ဘုရားသွားခြင်း၊ မိသားစုလိုက်လည်ပတ်ခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများထိခိုက်အောင် ဗုံးပေါက်ကွဲမှုလုပ်ဆောင်ခြင်းမှာ အကြမ်းဖက် စစ်ကောင်စီဝင်များသာ ဖြစ်နိုင်ကြောင်း မြို့ပြတော်လှန်ရေးအင်အားစုမှ လူငယ်တစ်ဦးက လူမှုကွန်ရက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊နမ့်ခမ်းမြို့နယ်ကောင်းတပ်ရွာ ပေါက်ကွဲမှုမှာ ပြည်သူသေဆုံးထိခိုက်၊ နေအိမ်ပျက်စီးမှု အများအပြားရှိကြောင်း တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့ပြီး ပေါက်ကွဲရတဲ့ အကြောင်းအရင်းဟာ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေ မတော်တဆ ပေါက်ကွဲခဲ့တာလို့ ​ဖော်ပြပါတယ်။