Connect with us

Hi, what are you looking for?

သတင်း

ပုဂ္ဂလိကပြည်ပအ​ကြွေးများကို​ လတ်တ​​​​လောမဆပ်ကြရန် စစ်​ကောင်စီဗဟိုဘဏ်ညွှန်ကြား

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်
အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်

●ပြည်ပအ​ကြွေးမဆပ်ကြ​သေးရန်ညွန်ကြားမှုမျိုးယခင်မကြုံဖူးဟု လုပ်ငန်းရှင်များ​ပြော၊ ၁၉၈၈​​နောက်ပိုင်းပထမဆုံးဖြစ်

ပြည်တွင်းနေပြည်သူများ၏ပြည်ပကြွေးမြီများကိုလတ်တလောပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် ရက်စွဲဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့်ပြည်ပကြွေးမြီများ၏အတိုးနှင့်အရင်းများကို ပြန်လည်ပေးဆပ်ခြင်းကို လတ်တလော ဆောင်ရွက်ခြင်းမပြုရဟု စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ဆိုင်းငံ့ရန် ဘဏ်များအနေဖြင့် ပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို အကြွေးရှင်များဖြစ်သည့် ပြည်ပကုမ္ပဏီနှင့်အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်
စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက် စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်

ထိုအပြင်လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထပ်ဆင့်အကြောင်းကြားပေးမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုထားသည်။

Public Service Announcement

Public Service Announcement

“ရှင်းရှင်းပြောရရင် ပြည်ပအကြွေးတွေကိုမဆပ်ခိုင်းတာပေါ့။ အစိုးရတော့မသိဘူး။ပုဂ္ဂလိကလုပ်ငန်းတွေကိုမဆပ်ခိုင်းတာ။ ဒါကကုမ္ပဏီတွေအတွက်ပြသာနာရှိတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာရှားပါးလာခြင်းကြောင့် ယခုလို ပုဂ္ဂလိက လုပ်ငန်းများကိုအကြွေးမဆပ်ရန်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ထိုလုပ်ရပ်သည် ပြည်တွင်းကုမ္ပဏီများကို ပြည်ပချေးငွေပေးသည့် ကုမ္ပဏီများက ကယုံကြည်မှုပျက်ယွင်းသွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ပုဂ္ဂလိကကို အ​ကြွေးမဆပ်ရန် အစိုးရဟုအမည်ခံထား​​​သောအဖွဲ့အစည်းကညွှန်ကြားသည်မျိုးယခင်က မကြုံဖူး​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ပြည်ပမြီရှင်များကို ပုဂ္ဂလိကပြည်တွင်းလုပ်ငန်းရှင်များက ​ကြွေးမြီမ​ပေးဆပ်နိုင်ခြင်းသည် ၁၉၈၈​နောက်ပိုင်းတွင်ပထမဦးဆုံးဖြစ်သည်။

မြန်မာသမိုင်းတွင် ပြည်ပ​​ကြွေးမြီများပြန်လည်မ​ပေးဆပ်နိုင်​တော့​ကြောင့် ၁၉၈၇ခုနှစ်တွင် LDC(ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ) အဖြစ် အာဏာရှင်ဟောင်းဗိုလ်ချုပ်နေဝင်းလက်ထက်တွင်သတ်မှတ်ခံခဲ့ဖူးသည်။

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။