Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုဂ္ဂလိကပြည်ပအ​ကြွေးများကို​ လတ်တ​​​​လောမဆပ်ကြရန် စစ်​ကောင်စီဗဟိုဘဏ်ညွှန်ကြား

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်
အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်

●ပြည်ပအ​ကြွေးမဆပ်ကြ​သေးရန်ညွန်ကြားမှုမျိုးယခင်မကြုံဖူးဟု လုပ်ငန်းရှင်များ​ပြော၊ ၁၉၈၈​​နောက်ပိုင်းပထမဆုံးဖြစ်

ပြည်တွင်းနေပြည်သူများ၏ပြည်ပကြွေးမြီများကိုလတ်တလောပြန်လည်ပေးဆပ်ခြင်းမပြုဘဲ ဆိုင်းငံ့ထားရမည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဇူလိုင် ၁၃ ရက် ရက်စွဲဖြင့် ယနေ့ထုတ်ပြန်လိုက်သည်။

ပြည်တွင်း၌ နေထိုင်သူများက ပြည်ပမှ ငွေသားဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေရယူထားသည့်ပြည်ပကြွေးမြီများ၏အတိုးနှင့်အရင်းများကို ပြန်လည်ပေးဆပ်ခြင်းကို လတ်တလော ဆောင်ရွက်ခြင်းမပြုရဟု စစ်ကောင်စီက ထိန်းချုပ်လိုက်ခြင်းဖြစ်သည်။

ထိုသို့ဆိုင်းငံ့ရန် ဘဏ်များအနေဖြင့် ပြန်လည်ပေးဆပ်ရမည့်အစီအစဉ်ကို အကြွေးရှင်များဖြစ်သည့် ပြည်ပကုမ္ပဏီနှင့်အဖွဲ့အစည်းများကို ညှိနှိုင်းဆောင်ရွက်ပေးရမည်ဟုလည်း စစ်ကောင်စီကဆိုသည်။

စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်
စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက် စစ်​ကောင်စီ ဗဟိုဘဏ်ညွန်ကြားချက်

ထိုအပြင်လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကိုလည်း ထပ်ဆင့်အကြောင်းကြားပေးမည်ဟု စစ်ကောင်စီ ဗဟိုဘဏ်ကဆိုထားသည်။

Public Service Announcement

Public Service Announcement

“ရှင်းရှင်းပြောရရင် ပြည်ပအကြွေးတွေကိုမဆပ်ခိုင်းတာပေါ့။ အစိုးရတော့မသိဘူး။ပုဂ္ဂလိကလုပ်ငန်းတွေကိုမဆပ်ခိုင်းတာ။ ဒါကကုမ္ပဏီတွေအတွက်ပြသာနာရှိတယ်”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဒေါ်လာရှားပါးလာခြင်းကြောင့် ယခုလို ပုဂ္ဂလိက လုပ်ငန်းများကိုအကြွေးမဆပ်ရန်တားမြစ်လိုက်ခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

ထိုလုပ်ရပ်သည် ပြည်တွင်းကုမ္ပဏီများကို ပြည်ပချေးငွေပေးသည့် ကုမ္ပဏီများက ကယုံကြည်မှုပျက်ယွင်းသွားနိုင်သည်ဟု ၎င်းကသုံးသပ်သည်။

ပုဂ္ဂလိကကို အ​ကြွေးမဆပ်ရန် အစိုးရဟုအမည်ခံထား​​​သောအဖွဲ့အစည်းကညွှန်ကြားသည်မျိုးယခင်က မကြုံဖူး​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

ပြည်ပမြီရှင်များကို ပုဂ္ဂလိကပြည်တွင်းလုပ်ငန်းရှင်များက ​ကြွေးမြီမ​ပေးဆပ်နိုင်ခြင်းသည် ၁၉၈၈​နောက်ပိုင်းတွင်ပထမဦးဆုံးဖြစ်သည်။

မြန်မာသမိုင်းတွင် ပြည်ပ​​ကြွေးမြီများပြန်လည်မ​ပေးဆပ်နိုင်​တော့​ကြောင့် ၁၉၈၇ခုနှစ်တွင် LDC(ဖွံဖြိုးမှုအနည်းဆုံးနိုင်ငံ) အဖြစ် အာဏာရှင်ဟောင်းဗိုလ်ချုပ်နေဝင်းလက်ထက်တွင်သတ်မှတ်ခံခဲ့ဖူးသည်။

လက်ရှိကာလတွင်ပြည်တွင်း ပြင်ပ​ဈေးကွက်တွင်ဒေါ်လာဈေးဆက်တိုက်တက်​နေပြီး တစ်ဒေါ်လာကို ၂၂၀၀ကျပ်အထိ ပေါက်ဈေးရှိလာသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။