Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီစခန်းကိုတိုက်ခိုက်ရာစစ်သားနှင့်ပျူ ၉ ဦး​သေ၊ Zero ​ပြောက်ကျားတပ်ဖွဲ့မှRPGလက်​ဖြောင့်သမား ၁ ဦးကျဆုံး

ယနေ့ (ဇူလိုင်လ ၂၂ရက်)နံနက် ၄နာရီခန့်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း (၂ )နှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီ ခွဲကြာမြင့်ပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ၉ ဦး သုတ်သင်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)
(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)

●RPGလက်ဖြောင့်ရဲဘော်​အောင်ကိုဇင်သည်​တော်လှန်​ရေးစချိန်မှကျဆုံးချိန်အထိ့စစ်သားနှင့်ပျူစောထီး ၁၄၀ဦးကျော်အား သုတ်သင်ခဲ့ဟု ZERO ပြောက်ကျားတပ်ဖွဲ့​​ပြော

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီစခန်းကိုယ​နေ့နံနက်တွင်PDFများကဝင်​ရောက်တိုက်ရာစစ်ကောင်စီတပ်သားနှင့်ပျူစောထီး၉ဦးသေဆုံးပြီး ZERO​ပြောက်ကျားတပ်ဖွဲ့မှ RPG လက်ဖြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ ၂၂ရက်)နံနက် ၄နာရီခန့်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း (၂ )နှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီ ခွဲကြာမြင့်ပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ၉ ဦး သုတ်သင်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)
(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)

ZEROပြောက်ကျားတပ်ဖွဲ့၏ RPGလက်ဖြောင့်တပ်သား (တပ်ခွဲ၃ ဒုခွဲမူး တပ်ရင်း၇မြင်းခြံခရိုင် ) အသက် ၂၄ နှစ်အရွယ် ကိုအောင်ကိုဇင် (ခ) အာကြီးမှာတိုက်ပွဲတွင်း ကျဆုံးခဲ့ရကြောင်းလည်းအသိပေးသည်။

ယနေ့(ဇူလိုင် ၂၂ ရက်) နံနက် ၄ နာရီခန့်က ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်း ခရိုင်တပ်ရင်း(၂)တို့ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီခွဲကြာမြင့်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“စခ က အင်အား ၂၀ ကျော် နဲ့ ပျူစောထီးက အင်အား ၃၀ လောက်ရှိတယ်။နဂိုကတည်းက ပျူရွာ လို့ပဲပြောရမယ်။သူတို့ဘက်က မျက်မြင် ချည်းပဲ ၉ ယောက်လောက်သေတယ်။ကျွန်တော် ရဲဘော်တစ်ဦးကတော့ ကယ်ခဲ့ပေမယ့် ဘယ်လိုမှ မရနိုင်တော့လို့ လက်လွှတ်ခဲ့ရတယ်”ဟု ZERO ပြောက် ကျားတပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီး က People’s Spring သို့ ပြောသည်။

တိုက်ပွဲတွင်အပြန်အလှန်ပစ်ခတ်​နေကြချိန်တွင် ​ကျောင်း​ပေါ်မှ ပစ်ခတ်လိုက်​သောကျည်ထိ့မှန်ခဲ့ခြင်းဖြစ်ပြီး ကျည်ထိ့မှန်ပြီးတစ်နာရီခွဲခန့်ကြာပါကျဆုံးခဲ့ခြင်းဖြစ်​ကြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။ PDF ရဲ​ဘော်တစ်ဦးကျဆုံးပြီး ​နေထွက်လာသလို စစ်​ကောင်စီတပ်မှ စစ်ကူများလာ​နေသည့်အတွက်ဆုတ်ခွာခဲ့​ကြောင်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ဒီကလေးကျဆုံးရတာနဲ့ပတ်သက်ပြီး များစွာဝမ်းနည်းရတာပေါ့။ ကျွန်တော်တို့အဖွဲ့အတွက်လည်း အများကြီး အားကိုးရတဲ့ကလေးပါ။ နိုင်ငံ့အတွက်လ​ည်း အားကိုးရတဲ့သူရဲကောင်းလေးတစ်ယောက် ကျဆုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့လည်း များစွာဝမ်းနည်းရတယ်။”ဟု ပြောသည်။

တော်လှန်ရေးစတင်ချိန်မှ ၎င်းကျဆုံးချိန်ထိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး (၁၄၀)ကျော်အား သုတ်သင်နိုင်ခဲ့သော သူရဲကောင်း အောင်ကိုဇင်အားZEROပြောက်ကျားတပ်ဖွဲ့မှ ကြီးမြတ်စွာ အလေးပြုကြောင်းလည်းဖော်ပြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက်ကာ ထွက်ပေါ်လာခဲ့သည့် ZERO ပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်တပ်အား ၎င်းတို့တိုင်းတွင်သာမကဘဲ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းနယ်များအထိပါ ​တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သ​ည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့ )

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook