Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီစခန်းကိုတိုက်ခိုက်ရာစစ်သားနှင့်ပျူ ၉ ဦး​သေ၊ Zero ​ပြောက်ကျားတပ်ဖွဲ့မှRPGလက်​ဖြောင့်သမား ၁ ဦးကျဆုံး

ယနေ့ (ဇူလိုင်လ ၂၂ရက်)နံနက် ၄နာရီခန့်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း (၂ )နှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီ ခွဲကြာမြင့်ပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ၉ ဦး သုတ်သင်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)
(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)

●RPGလက်ဖြောင့်ရဲဘော်​အောင်ကိုဇင်သည်​တော်လှန်​ရေးစချိန်မှကျဆုံးချိန်အထိ့စစ်သားနှင့်ပျူစောထီး ၁၄၀ဦးကျော်အား သုတ်သင်ခဲ့ဟု ZERO ပြောက်ကျားတပ်ဖွဲ့​​ပြော

စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီစခန်းကိုယ​နေ့နံနက်တွင်PDFများကဝင်​ရောက်တိုက်ရာစစ်ကောင်စီတပ်သားနှင့်ပျူစောထီး၉ဦးသေဆုံးပြီး ZERO​ပြောက်ကျားတပ်ဖွဲ့မှ RPG လက်ဖြောင့် ရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း အဖွဲ့က ထုတ်ပြန်သည်။

ယနေ့ (ဇူလိုင်လ ၂၂ရက်)နံနက် ၄နာရီခန့်က စစ်ကိုင်းမြို့နယ် ကြွယ်ပုံကျေးရွာရှိ အကြမ်းဖက်စစ်တပ်နှင့်ပျူစခန်းအား စစ်ကိုင်းခရိုင်တပ်ရင်း (၂ )နှင့် ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီ ခွဲကြာမြင့်ပြီး အကြမ်းဖက်စစ်သားနှင့်ပျူ ၉ ဦး သုတ်သင်နိုင်ခဲ့ကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)
(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့)

ZEROပြောက်ကျားတပ်ဖွဲ့၏ RPGလက်ဖြောင့်တပ်သား (တပ်ခွဲ၃ ဒုခွဲမူး တပ်ရင်း၇မြင်းခြံခရိုင် ) အသက် ၂၄ နှစ်အရွယ် ကိုအောင်ကိုဇင် (ခ) အာကြီးမှာတိုက်ပွဲတွင်း ကျဆုံးခဲ့ရကြောင်းလည်းအသိပေးသည်။

ယနေ့(ဇူလိုင် ၂၂ ရက်) နံနက် ၄ နာရီခန့်က ZERO ပြောက်ကျားတပ်ဖွဲ့ မြင်းခြံနှင့် စစ်ကိုင်း ခရိုင်တပ်ရင်း(၂)တို့ပူးပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၂ နာရီခွဲကြာမြင့်ခဲ့သည်ဟုသိရသည်။

Public Service Announcement

Public Service Announcement

“စခ က အင်အား ၂၀ ကျော် နဲ့ ပျူစောထီးက အင်အား ၃၀ လောက်ရှိတယ်။နဂိုကတည်းက ပျူရွာ လို့ပဲပြောရမယ်။သူတို့ဘက်က မျက်မြင် ချည်းပဲ ၉ ယောက်လောက်သေတယ်။ကျွန်တော် ရဲဘော်တစ်ဦးကတော့ ကယ်ခဲ့ပေမယ့် ဘယ်လိုမှ မရနိုင်တော့လို့ လက်လွှတ်ခဲ့ရတယ်”ဟု ZERO ပြောက် ကျားတပ်ဖွဲ့ဦးဆောင်သူ ကိုသက်ကြီး က People’s Spring သို့ ပြောသည်။

တိုက်ပွဲတွင်အပြန်အလှန်ပစ်ခတ်​နေကြချိန်တွင် ​ကျောင်း​ပေါ်မှ ပစ်ခတ်လိုက်​သောကျည်ထိ့မှန်ခဲ့ခြင်းဖြစ်ပြီး ကျည်ထိ့မှန်ပြီးတစ်နာရီခွဲခန့်ကြာပါကျဆုံးခဲ့ခြင်းဖြစ်​ကြောင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက​ပြောသည်။ PDF ရဲ​ဘော်တစ်ဦးကျဆုံးပြီး ​နေထွက်လာသလို စစ်​ကောင်စီတပ်မှ စစ်ကူများလာ​နေသည့်အတွက်ဆုတ်ခွာခဲ့​ကြောင်း အထက်ပါတာဝန်ရှိသူက​ပြောသည်။

“ဒီကလေးကျဆုံးရတာနဲ့ပတ်သက်ပြီး များစွာဝမ်းနည်းရတာပေါ့။ ကျွန်တော်တို့အဖွဲ့အတွက်လည်း အများကြီး အားကိုးရတဲ့ကလေးပါ။ နိုင်ငံ့အတွက်လ​ည်း အားကိုးရတဲ့သူရဲကောင်းလေးတစ်ယောက် ကျဆုံးခဲ့ရတဲ့အတွက် ကျွန်တော်တို့လည်း များစွာဝမ်းနည်းရတယ်။”ဟု ပြောသည်။

တော်လှန်ရေးစတင်ချိန်မှ ၎င်းကျဆုံးချိန်ထိ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး (၁၄၀)ကျော်အား သုတ်သင်နိုင်ခဲ့သော သူရဲကောင်း အောင်ကိုဇင်အားZEROပြောက်ကျားတပ်ဖွဲ့မှ ကြီးမြတ်စွာ အလေးပြုကြောင်းလည်းဖော်ပြသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အခြေစိုက်ကာ ထွက်ပေါ်လာခဲ့သည့် ZERO ပြောက်ကျားတပ်ဖွဲ့သည် အကြမ်းဖက်စစ်တပ်အား ၎င်းတို့တိုင်းတွင်သာမကဘဲ မကွေးတိုင်းနှင့်စစ်ကိုင်းတိုင်းနယ်များအထိပါ ​တော်လှန်တိုက်ခိုက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သ​ည်။

(ကျဆုံးသွားသော ရဲဘော်အောင်ကိုဇင်အား အလေးပြုနေစဥ်။ ဓါတ်ပုံ-Zero ​ပြောက်ကျားတပ်ဖွဲ့ )

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

တနိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)အပေး လူထုရဲ့ ယုံကြည်ကိုးစားမှု လျော့နည်းကျဆင်းခဲ့ကြောင်း နေပြည်တော်မှာ ကျင်းပတဲ့ NCA စာချုပ်ချုပ်ဆိုမှု ၁၁နှစ်မြောက်နှစ်ပတ်လည် အခမ်းအနားမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုင်းငင်းက ပြောပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။