Connect with us

Hi, what are you looking for?

သတင်း

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

အဆိုပါတိုက်ပွဲကို PDF(ကလေး) တပ်ရင်း (၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၇) ၊ ပကဖ (ကလေး) ၊ CNDF Vakok ၊ CDF-KKGနှင့် RKDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်
ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

ကလေးမြို့နယ်၊ ကင်းမွန်းခြုံကျေးရွာ အရှေ့ဘက် ဘုရားတောင်ကုန်းအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ယမန့်နေ့က တနေ့ကုန် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ၁၅ ဦးသေဆုံးခဲ့ကြောင်း PDF(ကလေး)က သတင်းထုတ်ပြန်သည်။

အဆိုပါသေဆုံးမှုများတွင် ဒေသခံကာကွယ်ရေးတပ်များ၏ မိုင်းဆွဲတိုက်ခိုက် ခြင်းနှင့် တနေ့တာ ပစ်ခတ်တိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး ဒဏ်ရာရရှိသူများ လည်း အများအပြားရှိသည်ဟု PDF(ကလေး)က ထုတ်ပြန်ထားသည်။

ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်
ကင်းမွန်းခြုံရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် ၁၅ ဦးသေဟု PDF(ကလေး) ထုတ်ပြန်

စစ်ကောင်စီတပ်သည် ဇူလိုင် ၁၈ ရက်ကတည်းက အင်အား၁၀၀ကျော်ဖြင့် ကလေး-ကလေးဝကြား ကျောက္ကာကျေးရွာမှ မြစ်သာမြစ်ကို ကူး၍ အရှေ့ဘက်တောင်ကြောများအတိုင်း စစ်ကြောင်း ထိုးလာခြင်းဖြစ်သည်။ ထိုစစ်ကြောင်းနှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ယမန့်(ဇူလိုင် ၂၁ရက်) နံနက် ၈နာရီတွင် ဘုရားတောင်ကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု PDF(ကလေး)က ဆိုသည်။

Public Service Announcement
Public Service Announcement

PDF(ကလေး)၏ထုတ်ပြန်ချက်များအရ တိုက်ပွဲအတွင်း မြစ်သာမြစ် အနောက်ဘက်ခြမ်း ကံပုလဲရွာဘက်မှ စစ်ကောင်စီတပ်များက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ ညနေ ၄နာရီခန့်တွင် စစ်ကောင်စီတပ်များက ကင်းမွန်းခြုံရွာအတွင်းရှိ နေအိမ် ၇လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ ထို့နောက် ည ၉နာရီခန့်တွင် ကလေးမြို့အရှေ့ဘက် ပြင်သာရွာမှ စက်လှေနှစ်စင်းဖြင့် စစ်ကောင်စီတပ်သား အလောင်းများနှင့် ဒဏ်ရာရသူများကို လာရောက်တင်ဆောင်သွားပြီး ကင်းမွန်းခြုံရွာမှ ကလေးမြို့ကို ပြန်လည်ဆုတ်ခွာသွားသည်ဟု PDF(ကလေး)က ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီတပ်သားများ မြှပ်နှံခဲ့သည့် မိုင်းများကြောင့် PDF(ကလေး)မှ တပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထပ်မံအသိပေးထားသည်။

” ရဲဘော်တစ်ဦး ဒဏ်ရာရသွားတယ်။ စခတွေ ​ထောင်ခဲ့တဲ့ မိုင်းထိတာ။ခြေထောက်တစ်ဖက် ထိသွားတာ။ ဆေးကုသလို့ရတဲ့နေရာကို ခေါ်လာနေတုန်းပဲ။ သွေးထွက်လွန်မှာတော့ စိုးရိမ်ရတယ် “ဟု PDF(ကလေး)မှ ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ပွဲကို PDF(ကလေး) တပ်ရင်း (၁ ၊ ၂ ၊ ၅ ၊ ၆ ၊ ၇) ၊ ပကဖ (ကလေး) ၊ CNDF Vakok ၊ CDF-KKGနှင့် RKDFတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။