Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တိုက်ခိုက်၊ စစ်သားငါးဦးသေပြီးလေးဦးဒဏ်ရာရဟုထုတ်ပြန်

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး
အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုး

တောင်ငူမြို့ အမြန်လမ်းအနောက်ဘက် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ (၁)မှ ယမန်နေ့ (ဇူလိုင် ၂၄)ညနေပိုင်းတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်သည်။

ပြည်သူ့ခုခံတွန်းလှန်စစ်၏အစိတ်အပိုင်းတစ်ခုအဖြစ်ဇူလိုင် ၂၄ ညနေ ၄ နာရီ ၄၀ ခန့်က အမြန်လမ်းအနောက်ဘက်မြပင်ကူးရွာနှင့် သရက်ပင်ကုန်းရွာကြား စစ်ကြောင်းထိုးလာသည့် အင်အား ၄၀ ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းအား ကင်းရှည် ကင်းပုန်းမှ ရှော့တိုက်ပြောင်း၊ လက်နက်ငယ်များနှင့် ပစ်ခတ်ပြီး လက်ဦးမှုရယူခဲ့သည်ဟု​ဖော်ပြထားသည်။

ထိုနောက် တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ပြီး ကနဦးသတင်းအရ ရန်သူဘက်မှ ငါးဦးခန့်သေဆုံးကာ လေးဦးခန့် ဒဏ်ရာရရှိကြောင်း ပါရှိသည်။ စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရမှုများနှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

အမြန်လမ်းအ​နောက်ဘက်သို့ စစ်​ကြောင်းထိုးလာ​​သောစစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​ကြောင်း ​ဒေသခံအချို့ကလည်း ပြောသည်၊တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့်
ပြည်သူ့ဘက်မရပ်တည်သည့် အာဏာရှင်မှိုင်းမိနေသောမည်သည့်အဖွဲ့အစည်းမဆို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။