Connect with us

Hi, what are you looking for?

သတင်း

စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင် တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု NUCC ထုတ်ပြန်

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင် တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု NUCC ထုတ်ပြန်
စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင် တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု NUCC ထုတ်ပြန်

▪️နိုင်ငံတကာက စစ်အုပ်စုကို စုံစမ်းမေးမြန်းရန် တိုက်တွန်း

တိုင်းရင်းသားပြည်သူတရပ်လုံး စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင်တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)က ထုတ်ပြန်သည်။

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင်၊ ဦးအောင်သူရဇော်တို့ကို သေဒဏ်စီရင်ပြီးကြောင်း ထုတ်ပြန်ချက်မှာ စစ်အုပ်စုသည် လက်နက်အားကိုးပြီး ကမ်းကုန်အောင် ယုတ်မာရိုင်းစိုင်းစွာ ပြည်သူအပေါ် အနိုင်ကျင့်ခြင်းဖြစ်သည်ဟု NUCC က ထုတ်ပြန်သည်။

စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင် တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု NUCC ထုတ်ပြန်
စစ်ကျွန်ဘဝမှ ပြတ်သားစွာ ရုန်းထွက်ဆန့်ကျင် တော်လှန်ရမည့် အချိန်ရောက်ရှိပြီဟု NUCC ထုတ်ပြန်

ဖက်ဒရယ်ဒီမိုကရေစီအရေး တိုက်ပွဲဝင်နေသူများကို တရားလက်လွတ်သတ်ဖြတ်မှုများ မပြုလုပ်နိုင်စေရန် နိုင်ငံတကာက စစ်အုပ်စုကို စုံစမ်းမေးမြန်းရန် NUCC က တိုက်တွန်းသည်။

ဆက်လက်ပြီး အကြမ်းဖက်စစ်အုပ်စုအား လျင်မြန်စွာဖယ်ရှားနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းသည် ထိရောက်သော ဖိအားပေးမှုများလုပ်ဆောင်ရန် အလေးအနက်တိုက်တွန်းသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်အုပ်စု​၏ သေဒဏ်ကွပ်မျက်ခံရသော သူရဲကောင်း ၄ ဦးအပါအဝင် မတရားသဖြင့် သေဒဏ်ချမှတ်ခံရသူအားလုံးသည် စစ်အာဏာရှင်စနစ်ဖယ်ရှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် ဘဝတခုလုံးပေးဆပ်တိုက်ပွဲဝင်ခဲ့သူများဖြစ်၍ လေးစားဦးညွတ်ဂုဏ်ပြုကြောင်း NUCC က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ရှေ့တန်းလွှတ်မယ့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်အုပ်စုရဲ့ တာဝန်ရှိသူတဦးက စစ်မြေပြင်မှာ သေနတ်နဲ့ ပစ်ခံရမှာကို ကြောက်စရာ မလိုဘဲ၊ ကျည်ဆန်မှာ အမည် ပါပြီးသားမို့ ကိုယ့်အမည် မပါရင် မသေဘူးလို့ ပြောကာ အန္တရာယ်ကင်း အဆောင်လက်ဖွဲ့တွေပေးရှေ့တန်းထွက်ခိုင်းပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှ ချမှတ်ရန်ရှိတဲ့ စီရင်ချက်နဲ့ စစ်အုပ်စု ကာလရှည်ကြာ အကျိုးခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်နိုင်ဖို့ အားထားမျှော်မှန်းလျက်ရှိကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတကာပါလီမန်က CRPHကို ဆက်အသိအမှတ်ပြုတာ၊ ကုလမှာ စစ်အုပ်စုကိုယ်စားပြုခွင့်မရတာ၊ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရတာတွေနဲ့ စစ်အုပ်စုလိုချင်တဲ့ အသိအမှတ်ပြုမှု ရ၊မရ တိုင်းတာနိုင်ဟုဆို

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။