Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ

မြန်မာစစ်တပ်​၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ​၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။

စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ
စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ

▪️သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ရန် ထပ်လောင်းတောင်းဆို

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ဦးကို မြန်မာစစ်တပ်က သေဒဏ်ပေးကွပ်မျက်ခြင်းအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့၏မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။

​အတွင်းရေးမှူးချုပ်သည် မည်သည့်အခြေအနေတွင်ဖြစ်စေ သေဒဏ်ပေးကွပ်မျက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။

မြန်မာစစ်တပ်​၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ​၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားမှုကို အတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။