Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ

မြန်မာစစ်တပ်​၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ​၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။

စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ
စစ်တပ်​၏ သေဒဏ်ပေးကွပ်မျက်မှုကို ကုလအတွင်းရေးမှူးချုပ် ပြင်းထန်စွာရှုတ်ချ

▪️သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ရန် ထပ်လောင်းတောင်းဆို

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄ဦးကို မြန်မာစစ်တပ်က သေဒဏ်ပေးကွပ်မျက်ခြင်းအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း ယမန်နေ့တွင် ထုတ်ပြန်သည်။

ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့၏မိသားစုဝင်များနှင့်အတူ ဝမ်းနည်းကြေကွဲကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောသည်။

​အတွင်းရေးမှူးချုပ်သည် မည်သည့်အခြေအနေတွင်ဖြစ်စေ သေဒဏ်ပေးကွပ်မျက်ခြင်းကို ဆန့်ကျင်ကန့်ကွက်သည်။

မြန်မာစစ်တပ်​၏ ယခုကွပ်မျက်မှုများသည် ၁၉၈၈ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး မြန်မာနိုင်ငံ​၏ ပြိုလဲပျက်စီးနေသည့်လူ့အခွင့်အရေးအခြေအနေ ပိုမိုဆိုးရွားနေလာခြင်းကို ပြသနေသည်ဟုလည်း အတွင်းရေးမှူးချုပ်က မှတ်ယူသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်​၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တရားလက်လွတ်ဖမ်းဆီးခံရသူအားလုံးကို ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားမှုကို အတွင်းရေးမှူးချုပ်က ထပ်လောင်းအတည်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

နိုင်ငံတကာ

ဇန်နဝါရီ ၃၁ ရက်နေ့၊ သေဒဏ်စီရင်မှုနဲ့ ပတ်သက်ပြီး အာရုံစိုက်ခံရတဲ့ နောက်ထပ် ရှုထောင့် တစ်ခုကတော့ သေဒဏ်စီရင်တဲ့ နည်းလမ်းပါ။ တရုတ်မှာ သေစေလောက်တဲ့ ဆေးဝါးတွေကို ထိုးသွင်းပြီး ကွပ်မျက်တဲ့ နည်းလမ်းကို ကျင့်သုံးနေပါတယ်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။