Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ပြစ်ဒဏ်စီရင်သည့် စစ်ကောင်စီ၏ လူမဆန်တဲ့လုပ်ရပ်အပေါ် ချင်းတပ်ဖွဲ့ ၁၈ဖွဲ့စုစည်းထားသည့် CJDC ရှုတ်ချ

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း – ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

CJDC
CJDC

ဦးဂျင်မီ၊ဦးဖြိုးဇေယျာသော်၊ ဦးလှမျိုးအောင် နှင့် ဦးအောင်သူရဇော်တို့လေးဦး တို့အား အကြမ်းဖက် စစ်ကောင်စီမှ သေဒဏ်ပေးကွပ်မျက်ခဲ့သည့် လူမဆန်သည့်လုပ်ရပ်များအပေါ် ချင်းပြည်ပူး တွဲကာကွယ်ရေးကော်မတီ (Chinland Joint Defense Committee)က ပြင်းထန်စွာ ရှုံ့ချကြောင်း ထုတ်ပြန်သည်။

အာဏာလု အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်သည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဟုလည်း CJDCက သဘောထားထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီး နောက်ပိုင်းမှစ၍ မိမိတို့ ချင်းပြည်ထောင်အတွင်း စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများကို အကြိမ်ကြိမ်ကျူးလွန် ခဲ့ကြောင်း ဖော်ပြထားသည်။

CJDCသည် ချင်းပြည်ထောင်အတွင်းရှိ ချင်းအမျိုးသားတပ်ဦး(CNF/CNA) အပါအဝင် မြို့နယ် ၊ဒေသအလိုက်ဖွဲ့စည်းထားသော ကာကွယ်ရေးတပ်ဖွဲ့ဝင် ပေါင်း(၁၈)ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ကော်မတီဖြစ်ပြီးအဖွဲ့အစည်းသည် နိုင်ငံတကာဥပဒေများကို တစိုက်မတ်မတ် လိုက်နာကျင့်သုံး ခဲ့သောအဖွဲ့အစည်း ဖြစ်ကြောင်း ထုတ်ပြန် သည်။

Public Service Announcement

Public Service Announcement

CJDC အဖွဲ့ဝင် ချင်းလက်နက်ကိုင်တပ်များသည် ချင်းပြည်အတွင်း စစ်ကောင်စီ တပ်ကို တိုက်ခိုက်ရာ၌ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယခုဇူလိုင်လအတွင်း ဖလမ်း – ဟားခါးလမ်းနှင့် မတူပီမြို့နယ်တို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။