Connect with us

Hi, what are you looking for?

News

၀ိုင်းမော် ခလရ(၅၈)တပ်အနီး ကျေးရွာများမှဒေသခံများကို စစ်ကောင်စီကရွှေ့ပြောင်းခိုင်းထား၍ ​​ရွှေ့ပြောင်း​နေကြ

“ရွာလုံးကျွတ်ရွှေ့ခိုင်းတာ။ အခုကတော့ အဲဒီမှာက အနီးဆုံးရွာက ၄ရွာရှိတာပေါ့။ မနေ့ကတော့ တစ်ယောက်ကျတာရှိတယ် ဒီနေ့တော့လာပြောတာရှိတယ်ပြောတယ်။လောလောဆယ် အခြေအနေကတော့ ဘယ်လိုပြောရမယ်ဆိုရင် ကျွန်တော်တို့ဒေသက လုံခြုံမှုမရှိတော့ဘူး” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

(​ရွှေ့​ပြောင်း​နေကြ​သော ​ဒေသခံများကို ​တွေ့ရစဥ်၊ ဓါတ်ပုံ - THE 74MEDIA)

၀ိုင်းမော် ခလရ(၅၈)တပ်အနီးရှိ ကျေးရွာများမှ ဒေသခံများကို စစ်ကောင်စီတပ်က နေရာရွှေ့ပြောင်းခိုင်း၍ ယနေ့တွင် နီးစပ်ရာနေရာများ၊ စစ်ရှောင်စခန်းများဆီသို့ ရွှေ့ပြောင်းနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဇူလိုင် ၂၉ရက်က ၀ိုင်းမော် ခလရ(၅၈)တပ်ရင်းကို ကချင်လက်နက်ကိုင်အဖွဲ့(KIA)က လာရောက်တိုက်ခိုက်ပြီးနောက် ဩဂုတ်လတွင် အဆိုပါ တပ်မှ ရက်ဆက်ဆိုသလို လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်မှုများ ပြု လုပ်နေ၍ အရပ်သားသေဆုံးမှု၊ ပြည်သူလူထု၏ အိုးအိမ်စည်းစိမ်များ ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည်။

“မနေ့ကတော့ မဒိမ်ဘက်မှာ ပစ်တာ အမျိုးသမီးတစ်ယောက်ထိတယ်။ ဒီမနက်က ကြားသလောက်တော့ အဲဒီ မဒိမ်ရွာထဲက လူတွေကို စစ်တပ်က ရွှေ့ခိုင်းတယ်လို့တော့ ပြောတယ်။ တစ်ခုခု စစ်ရေးအခြေအနေ ထူးခြားလာမယ့် အခြေအနေတော့ ရှိတယ်ထင်တယ်” ဟု ကချင်ဒေသခံ ကိုဆန်အောင်က ပြောသည်။

ခလရ (၅၈) တပ်က ပစ်ခတ်မှုများကြောင့် အနီးရှိ ကျေးရွာမှ အိမ်များ၊ ဝက်များ အပြင် လူထုသေဆုံးမှု အချို့ရှိခဲ့ကြောင်း ၎င်းက ဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

“အဲဒီဘက်က အကြောင်းကြားလာတာကတော့ ရွှေ့ခိုင်းတယ်လို့ပြောတယ်။ ခွဲရုံအနားက အိမ်တွေကျတော့ ရွှေ့နေကြပြီ” ဟု ကိုဆန်အောင်က ပြောသည်။

အဆိုပါ ခလရ(၅၈) တပ်အနီးရှိ ကျေးရွာများမှ ရွှေ့ပြောင်းလာသူမျးသည် လတ်တလောတွင် ၀ိုင်းမော် စစ်ရှောင်စခန်းသို့ ရောက်ရှိနေသူများရှိကြောင်း စစ်ရှောင်စခန်း၌ နေထိုင်သူ တစ်ဦးက ပြောသည်။

“ရွာလုံးကျွတ်ရွှေ့ခိုင်းတာ။ အခုကတော့ အဲဒီမှာက အနီးဆုံးရွာက ၄ရွာရှိတာပေါ့။ မနေ့ကတော့ တစ်ယောက်ကျတာရှိတယ် ဒီနေ့တော့လာပြောတာရှိတယ်ပြောတယ်။လောလောဆယ် အခြေအနေကတော့ ဘယ်လိုပြောရမယ်ဆိုရင် ကျွန်တော်တို့ဒေသက လုံခြုံမှုမရှိတော့ဘူး” ဟု စစ်ရှောင်ပြည်သူတစ်ဦးက ပြောသည်။

စစ်ရှောင်စခန်း၌ နေထိုင်သူများသည်ပင် စားနပ်ရိက္ခာနှင့် ဆေးဝါး စုဆောင်း နေကြကြောင်း၊ လိုအပ်ပါက ဘေးကင်းရာသို့ တိမ်းရှောင်နိုင်ရန် ပြင်ဆင်နေကြကြောင်း ၎င်းက ဆိုသည်။
“ကျွန်တော်တို့လည်း ကျော်ပိုးအိတ် ပြင်ဆင်ထားတာ။ အခုက ဘယ်အချိန်ထဖြစ်မှာမှန်းမသိတော့တာ” ဟု အဆိုပါ စစ်ရှောင်က ပြောသည်။

ယနေ့မနက်ပိုင်းတွင်လည်း လက်နက်ကြီးပစ်ခတ်မှုအချို့ကို မြစ်ကြီးနားမြို့မှ ကြားနေရကြောင်း ဒေသခံအချို့က ပြောသည်။ စစ်ကောင်စီတပ်က တစ်ဖက်သတ်ခြိမ်းခြောက်ပစ်ခတ်သည်ဟု ယူဆကြောင်း ဒေသခံများက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ပြည်သူလူထုများ ထိ ခိုက်မှုရှိလာပါက KIO/KIA နှင့် စစ်တပ်အကြား တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ဟိုတစ်လောက ကျွန်တော်တို့ ခေါင်းဆောင်ကြီး(KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ) မိန့်ခွန်းမှာတော့ ပြောထားတယ်။ ကျွန်တော်တို့ ပြည်သူလူထုနဲ့ ရပ်တည်ပြီးမှ ပြည်သူ့လိုအင်ဆန္ဒကို ဖြည့်ပေးဖို့ပေါ့ဗျာ။ ပြည်သူတွေလိုလားတောင့်တတဲ့ ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်ရေး ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကာကွယ်စောင့်ရှောက်ရေး လုံခြုံရေးပေါ့ဗျာ။ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်မယ်ဆိုရင်တော့လည်း သူတို့ လက်ပိုက်မကြည့် တော့ဘူးဆိုတာပေါ့” ဟု ဒေသခံက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်အတွင်း KIAနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

Facebook