Connect with us

Hi, what are you looking for?

သတင်း

ဩစတြေးလျမြို့တော်ရှိ NUGကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ နိုင်ငံခြားရေး ဝန်ကြီးဌာနအကြီးတန်းအရာရှိများ တက်ရောက်မည်ဟုဆို

မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။

ဓာတ်ပုံ - ABC ၊ Supplied
ဓာတ်ပုံ - ABC ၊ Supplied

NUG နှင့် ဩစတြေးလျအစိုးရအကြား နိုင်ငံရေးဆိုင်ရာအဆက်အသွယ်များ မြင့်တက်လာဖွယ်ရှိနေ

ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံ ခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများတက်ရောက်ရန်ရှိနေကြောင်း NUG ကိုယ်စားလှယ်ဒေါက်တာထွန်း အောင်ရွှေက ABC သတင်းဌာနသို့ ပြောသည်။

လာမည့်သီတင်းပတ်တွင် မြို့တော်ကန်ဘာရာ၌ ဖွင့်လှစ်မည့် အမျိုးသား ညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများတက် ရောက်ရှိခြင်းက ဝန်ကြီးချုပ်အယ်လ်ဘိန်းအစိုးရအနေဖြင့် NUGနှင့် နိုင်ငံရေးဆိုင်ရာအဆက် အသွယ်များတည်ထောင်ရန် ဆန္ဒမြင့်တက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“လူတွေက NUG ကို လေထဲကအစိုးရအဖြစ်ပြောကြတယ်။ ဒါပေမဲ့ အခုကိုယ်စားလှယ်ရုံးက လေထဲက အဖွဲ့အစည်းသက်သက်သာမဟုတ်ဘူး ဆိုတာကို သတင်းစကားပေးပို့ပါလိမ့်မယ်။ ကျွန်တော်တို့ဟာ ဩစတြေးလျ ရဲ့မြို့တော်မှာ တကယ်ကိုလက်တွေ့ကျကျ တည်ရှိနေပါပြီ” ဟု NUG ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်ရွှေကပြောသည်။

အဆိုပါ NUG ရုံးဖွင့်ပွဲသို့ ဩစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းက ခရီးစဉ်တစ်ခုနှင့် တိုက်ဆိုင်နေ၍ မတက်ရောက်နိုင်သော်လည်း နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန(DFAT)မှ အရာရှိများက ဖိတ်ကြားမှုကို လက်ခံထားသည်။

Public Service Announcement

Public Service Announcement

မြန်မာအသိုင်းအဝန်းရှိ တော်လှန်ရေးအားပေးထောက်ခံသူများက NUG ကိုယ်စားလှယ်ရုံးအတွက် ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများနှင့် ရုံးခန်းငှားရမ်းခကို လှူဒါန်းထားခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ မြန်မာသံရုံးနှင့် ၂ ကီလိုမီတာခန့်သာ ကွာဝေးသည် ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ