Connect with us

Hi, what are you looking for?

သတင်း

ပျူစောထီးအချို့မှာ ပြည်သူဟုလိမ်လည်၍ ကျေးရွာများသို့ ခိုဝင်နေထိုင်ရန်ကြိုးပမ်းနေဟု ချောင်းဦးမြို့နယ် (ပကဖ) အသိပေး

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် လူသားဒိုင်းအဖြစ်အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်ပြည်သူအချို့သည် ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျှက်ရှိကာ ကျေးရွာကိုစွန့်ခွာလာသည့် ပျူစောထီးများအနက် အချို့မှာပျူစောထီးဟုဝန်ခံ၍ အလင်းဝင်ရောက်သည်ဟု ဆိုသည်။

(ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှ ပျူစောထီးအဖွဲ့ဦးဆောင်သူ မဘသ ဘုန်ကြီးဦးနန္ဒစာရ နှင့် အပေါင်းအပါများအား တွေ့ရစဉ်)
(ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှ ပျူစောထီးအဖွဲ့ဦးဆောင်သူ မဘသ ဘုန်ကြီးဦးနန္ဒစာရ နှင့် အပေါင်းအပါများအား တွေ့ရစဉ်)

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအချို့မှာ ပြည်သူဟုလိမ်လည်၍ ကျေးရွာများသို့ ခိုဝင်နေထိုင်ရန်ကြိုးပမ်းလျှက်ရှိကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ယနေ့(ဇူလိုင် ၃၀ ရက်)တွင် ထုတ်ပြန်သည်။

ချောင်းဦးမြို့နယ်အတွင်းရှိ ပျူစောထီးရွာများမှ ပျူစောထီးများနှင့် လူသားဒိုင်းအဖြစ်အပြင်ထွက်ခွင့်ပိတ်ပင်ခံထားရသည့်ပြည်သူအချို့သည် ၎င်းတို့၏ ကျေးရွာများကို စွန့်ခွာထွက်ပြေးလျှက်ရှိကာ ကျေးရွာကိုစွန့်ခွာလာသည့် ပျူစောထီးများအနက် အချို့မှာပျူစောထီးဟုဝန်ခံ၍ အလင်းဝင်ရောက်သည်ဟု ဆိုသည်။

ပျူစောထီးများအနက် ကျော်ဇောသတင်းရှိသူ များကိုသာ အများပြည်သူကပျူစောထီးဟုသိရှိနိုင်ပြီး လက်အောက်ငယ်သားများမှာ စနစ်တကျစစ်ဆေးမှသာ ပျူစောထီးဖြစ်ကြောင်းပေါ်ပေါက် လေ့ရှိသဖြင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အနေဖြင့် စနစ်တကျစိစစ်၍ ပြည်သူစစ်မှန်သူများကို ၎င်းတို့သွားလိုရာအရပ်သို့ပို့ ဆောင်ပေးနေကြောင်း အသိပေးသည်။

(ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှ ပျူစောထီးအဖွဲ့ဦးဆောင်သူ မဘသ ဘုန်ကြီးဦးနန္ဒစာရ နှင့် အပေါင်းအပါများအား တွေ့ရစဉ်)
(ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာမှ ပျူစောထီးအဖွဲ့ဦးဆောင်သူ မဘသ ဘုန်ကြီးဦးနန္ဒစာရ နှင့် အပေါင်းအပါများအား တွေ့ရစဉ်)

သို့သော်ပျူစောထီးဟုဝန်ခံကာ အလင်းဝင်ရောက်ခြင်းမပြုဘဲ ပြည်သူဟုလိမ်လည်၍ထွက်လာသော ပျူစောထီးများကို လိုအပ်သလို သတိပေးခြင်း၊ ဖမ်းဆီးခြင်း၊ အရေးယူခြင်းများ စနစ်တကျဆောင်ရွက်နေကြောင်းလည်း ဖော်ပြ သည်။

Public Service Announcement

Public Service Announcement

ထိုသို့ထွက်ပြေးလာသူ(ပျူစောထီး)များကို အချို့သော တော်လှန်ရေးအဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များက မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ သတင်းပို့၍ စစ်ဆေးမှုခံယူစေခြင်းမရှိဘဲ မိမိသဘောဆန္ဒဖြင့်ခေါ်ယူလက်ခံခြင်း၊အာမခံခြင်း၊အခြားအရပ်ဒေသသို့ပို့ ဆောင်ခြင်း၊ကျေးရွာမှစွန့်ခွာလာသည့် ပျူစောထီးများနှင့် ဆွေမျိုးတော်စပ်မှု နှင့် ပုဂ္ဂိုလ်ရေးခင်မင်မှုတို့ကိုအခြေခံ၍ ပျူစောထီးများကို ခိုးဝှက်ခေါ်ဆောင်ခြင်းတို့ ပြုလုပ်လျှက်ရှိပြီး စိစစ်တွေ့ရှိရ သည်ဟု ဆိုသည်။

ထို့ကြောင့် ပျူစောထီးရွာများမှ စွန့်ခွာလာသူအားလုံးကို စနစ်တကျစစ်ဆေးနိုင်ရန်အတွက် လက်ခံသည့်လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက မြို့နယ် (ပကဖ)သို့ သတင်းပို့အပ်နှံကြရန် သတိပေးသည်။

အပ်နှံခြင်းမရှိဘဲ ပျူစောထီးရွာများမှ မိမိဒေသတွင်လက်ခံခြင်း စွန့်ခွာလာသူများကို မိမိဆန္ဒသဘောဖြင့် ပတ်ဝန်းကျင်ကျေးရွာများသို့ပို့ဆောင်ခြင်း၊ အခြားဒေသသို့ပို့ဆောင်ခြင်းနှင့် ခိုးဝှက်နေထိုင်စေခြင်းများပြုလုပ်ကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူသွားမည်ဟု အသိပေးသည်။

ချောင်းဦးမြို့နယ်၌ ကင်းမွန်းတော်ကျေးရွာ နှင့် ကံကြီးကုန်းကျေးရွာတို့သည် အကြမ်းဖက်စစ် ကောင်စီတပ်၏ အမာခံပျူစောထီးရွာများ အဖြစ် ထင်းရှားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။