Connect with us

Hi, what are you looking for?

သတင်း

မြိုင်နယ်မှ ကျဆုံးညီအစ်ကိုရဲဘော်နှစ်ဦး မကျဆုံးမီ ဗိုလ်တစ်ဦးနှင့် လက်ထောက်တစ်ဦးအား ရှင်းလင်းခဲ့ဟုဆို

ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရပြီး လက်ပစ်ဗုံး များပင်သုံး၍ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြိုင်(ပကဖ)က အသိပေးသည်။

(မြိုင်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - မြိုင်ဒေသတွင်း PDF)
(မြိုင်နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ - မြိုင်ဒေသတွင်း PDF)

မြိုင်မြို့နယ်တွင် ကျဆုံးသွားသော ညီအစ်ကိုရဲဘော်နှစ်ဦးသည် အကြမ်းဖက် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနှင့် လက်ထောက်တစ်ဦးကို ခြုံခိုတိုက်ခိုက် ရှင်းလင်းပြီးမှ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့(ဇူလိုက် ၃၀ရက်)က ကျဆုံးသွားသော ညီအစ်ကိုရဲဘော်နှစ်ဦးသည် မကျဆုံးမီ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဗိုလ်တစ်ဦးနှင့် လက်ထောက်တစ်ဦးအား ခြုံခိုတိုက်ခိုက်ခဲ့ပြီး ထိုနှစ်ဦးလုံး သေဆုံးသွားကြောင်း မြိုင်မြို့နယ်ပြ​ည်သူ့ကာကွယ်ရေးအဖွဲ့က ထပ်မံသတင်းထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းခံရပြီး လက်ပစ်ဗုံး များပင်သုံး၍ တိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံခဲ့ရကာ သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြိုင်(ပကဖ)က အသိပေးသည်။

စစ်ကောင်စီတပ်သည် ဇူလိုင် ၂၅ရက်မှစတင်ကာ မြိုင်နယ်အရှေ့ပိုင်းကို စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ပွဲများအတွင်း ယမန်နေ့ (ဇူလိုင် ၃၀ရက်)က မြိုင်မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ ညီအစ်ကိုအရင်း ရဲဘော် နှစ်ဦးသည် စစ်ကောင်စီတပ်၏ ကင်းပုန်းနှင့်မိကာ သတ်ဖြတ်ခံခဲ့ရပြီး အော်တိုသေနတ်တစ်လက်ပါသွား ကြောင်း မြိုင်(ပကဖ)အဖွဲ့က ယနေ့(ဇူလိုင် ၃၁ရက်)တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇူလိုင် ၂၇ ရက်ကလ​ည်း တမာမြေပြောက်ကျားတပ်ဖွဲ့က ရဲဘော်နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က စစ်ကြောင်းတွေ မြိုင်မြို့နယ်က တွင်းမပြည်သူ့စစ်ကျေးရွာကို ဦးတည်လာနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မြိုင်မြို့နယ်ကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်း ထပ်မံတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူတွေရှိတယ်လို့ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။