Connect with us

Hi, what are you looking for?

သတင်း

နယူးယောက်မြို့ ကုလရုံးချုပ်ရှေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နိုင်ငံတကာက အရေးယူပေးရေး တောင်းဆိုဆန္ဒပြ

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

ဓာတ်ပုံ - NYCBC
ဓာတ်ပုံ - NYCBC

ဒီမိုကရေစီအရေးလှုပ်ရှားသူ လေးဦးကို သေဒဏ်ပေး သတ်ဖြတ်မှု အပြီး အမျိုးသမီး (၉)ဦး အပါအဝင် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူ ၁၀၀ ကျော်အား သေဒဏ်စီရင်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို နိုင်ငံတကာမှ အရေးယူဆောင်ရွက်ရေး အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်ရှေ့တွင် NYCBC မှဦးဆောင်၍ ပြည်ပရောက်မြန်မာများက ယမန်နေ့ (သြဂုတ် ၂) ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် တောင်းဆိုဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

ဆန္ဒပြပြည်သူများက “တရားတဲ့သူသာ နိုင်ကြေးဟေ့” စာသားနှင့် စစ်ကောင်စီ၏ မတရားသဖြင့် သေဒဏ်ပေးစီရင်ခံရသည့် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ ရုပ်ပုံများ ကိုင်ဆောင်၍ အကြမ်းဖက် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကြွေးကြော်လဆန္ဒပြခဲ့သည်။

မြန်မာပြည်တွင်း၌ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီ တပ်၏ တရားမဝင် သေဒဏ်ချမှတ်ခံထားရသူများမှာ မမြင့်မြင့်အေး၊ မမိုးမိုးမြင့်အောင်၊ မဇင်မာထွန်း၊ မလှလှနိုင်၊ မဆောင်းလေပြေ၊ မခင်ဝင့်ကျော်မောင်၊ မစုဝေနှင်း၊ မစုမြတ်သွယ်၊ မချိုချို တို့အမျိုးသမီး (၉) ဦးအပါအဝင် နွေဦးတော်လှန်ရေးလှုပ်ရှားသူ ပြည်သူ ၁၀၀ကျော် ကျန်ရှိနေသေးကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ယုတ်ညံ့သည့် လုပ်ရပ်များအား အရေးယူကာ မြန်မာပြည်သူများ​၏ အသက်ကို အလျှင်အမြန် ကာကွယ်စောင့် ရှောက်ရန် နယူးယောက်မြို့ရှိ ကုလရုံးချုပ်ရှေ့တွင် ပြည်ပရောက် မြန်မာများ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကုလသမဂ္ဂဟာ သမိုင်းတလျှောက် မြန်မာပြည်သူများအတွက် ထိရောက်သောအရေးယူဆောင် ရွက်မှုများ လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ကြောင်း ကရင်လူ့အခွင့်အရးအဖွဲ့(KHRG)ရဲ့ အစီရင်ခံစာမှာဖော်ပြထားပြီး ဒါကို ပြုပြင်တည့်မတ်ရေးအတွက် အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ မြန်မာပြည်သူလူထုတစ်ရပ်လုံးနဲ့ ပိုမိုနက်ရှိုင်းပြီး တန်းတူညီမျှသော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မြန်မာပြည်သူတွေရဲ့ အသက်ပေါင်းများစွာနဲ့ အနာဂတ်ကို ကယ်တင်ဖို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ ကာကွယ်စောင့်ရှောက်ရန်တာဝန်ရှိမှု(R2P) အကောင်အထည်ဖော်ဖို့ကိစ္စ ကြာမြင့်စွာနှောင့်နှေးနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇူလိုင် ၆ရက်မှာ ကျင်းပတဲ့ကုလသမဂ္ဂ အစည်းအဝေးတရပ်မှာ ထပ်မံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဉာဏ်ရည်တု နည်းပညာ (AI)က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ထိန်းချုပ် ပုံသွင်းတဲ့ အခြေအနေထိ ရောက်မသွားခင် နိုင်ငံတကာ အစိုးရ အသီးသီးက စုပေါင်း အဖြေရှာကြဖို့ ကုလသမဂ္ဂ (UN) အကြီးအကဲက သတိပေး ပြောကြားခဲ့ပါတယ်။