Connect with us

Hi, what are you looking for?

News

ကုလက NUG ကို အသိအမှတ်ပြုတာ ဒါမှမဟုတ် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ဆက်ရှိစေတာမျိုး ဖြစ်နိုင်တယ်လို့ အထူးအကြံပေးကောင်စီသုံးသပ်

းဖြတ်ချက်မျိုးဖြစ်ပြီး ထိုင်ခုံအလွတ်ထားတာကလည်း ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်သလိုဖြစ်မှာလို့ SAC-M က သုံးသပ်ပါတယ်။

ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကိုယ်စား လှယ်ကို လက်ခံတာ ဒါမှမဟုတ် ဆုံးဖြတ်ချက်မချသေးဘဲ လက်ရှိကိုယ်စားလှယ် ဦးကျော်မိုး ထွန်းက ဆက်လက်ကိုယ်စားပြုတာ ဖြစ်နိုင်ခြေရှိတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ(SAC-M)က သုံးသပ်ပါတယ်။

ကုလသမဂ္ဂကျွမ်းကျင်ပညာရှင်သုံးဦးနဲ့ဖွဲ့စည်းထားတဲ့ SAC-M ဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သုံးသပ်ရှင်းလင်းချက်စာတမ်း ၄ စောင်ထုတ်ပြန်ဖို့ရှိနေပြီး ပထမဆုံးစာတမ်းဖြစ်တဲ့ ‘ကုလသမဂ္ဂ မှာ မြန်မာကိုယ်စားလှယ် အလားအလာ’ ကို ဩဂုတ် ၁၁ ရက်မှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီစာတမ်းမှာ လာမယ့် စက်တင်ဘာမှာ စတင်မယ့် ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံး ဖြတ်နိုင်ခြေရှိတဲ့ ဆုံးဖြတ်ချက် ၄ ခုကို သုံးသပ်ထားပြီး NUG ရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ၊ အကြမ်းဖက်စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို လက်ခံတာ၊ ကိုယ်စားလှယ်လျှောက်ထားမှုနှစ်ခု ကို မဆုံးဖြတ်သေးဘဲ လက်ရှိ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်ရှိတာနဲ့ မြန်မာကိုယ် စားလှယ်မထားဘဲ ထိုင်ခုံလွတ်ထားတာ စတဲ့ ဖြစ်နိုင်ခြေ ၄ မျိုးဖြစ်ပါတယ်။
အဲဒီဖြစ်နိုင်ခြေ ၄ ခုထဲကမှ NUG ကို လက်ခံတာနဲ့ ဦးကျော်မိုးထွန်းဆက်ရှိတာ နှစ်ခုက ဖြစ်နိုင်ခြေ များတယ်လို့ ဆိုထားတာပါ။

အကြမ်းဖက်စစ်ကောင်စီရဲ့ကိုယ်စားလှယ်လက်ခံခြင်းက ကုလမှာ အရင်က မရှိခဲ့ဖူးတဲ့ ဆုံးဖြတ်ချက်မျိုးဖြစ်ပြီး ထိုင်ခုံအလွတ်ထားတာကလည်း ကုလသမဂ္ဂပဋိဉာဉ်ကို ဆန့်ကျင်သလိုဖြစ်မှာလို့ SAC-M က သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုနိုင်ခွင့်ရရေးအတွက် ပြည်သူထောက်ခံမှုရှိတဲ့ NUG နဲ့ အကြမ်းဖက်စစ်ကောင်စီတို့က အပြိုင်ကြိုးပမ်းနေပြီး ကုလအထွေထွေညီလာခံက ဒီနှစ် ဒီဇင် ဘာလောက်မှာ ဆုံးဖြတ်ချက် ချမှတ်နိုင်ပါတယ်။

အဖွဲ့ဝင် ၉ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂကိုယ်စားလှယ်စိစစ်ရေးကော်မတီ(Credentials Committee)ဟာ အကြံပြုချက် အစီရင်ခံစာကို အထွေထွေညီလာခံကိုတင်သွင်းမှာဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုမှုကို အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့အထွေထွေညီလာခံက ဆုံးဖြတ်မှာဖြစ်ပါတယ်။ လိုအပ်ရင် အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်မှာဖြစ်ပါတယ်။

အဲဒီမြန်မာကိုယ်စားလှယ်နေရာဟာ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) အပါအဝင် ကုလသမဂ္ဂရဲ့ ဖိုရမ်အားလုံးမှာ တက်ရောက်ခွင့်ရရေး တနည်းအားဖြင့် ကိုယ်စား လှယ်နေရာကို သက်ရောက်မှုရှိမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)မှာ စစ်မဟာဗျူဟာ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားပြီး အဲဒီ ကော်မတီမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့က စစ်ရေးခေါင်းဆောင် ၂ဦးစီ စုစုပေါင်း ၁၀ဦး ပါဝင်တယ်လို့ SCEF အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။