Connect with us

Hi, what are you looking for?

သတင်း

ခေတ်မကောင်းသည်ကိုအကြောင်းပြုပြီး ခိုးမှု၊ဖောက်ထွန်းမှု ကျူးလွန်သူများကို အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် ဆော(ပအဖ) ထုတ်ပြန်

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများ အနေဖြင့် အဆိုပါ ခိုးမှု ၊ ဖောက်ထွင်းမှုများအား ဆက်လက်မကျူးလွန်ကြရန် နှင့် ပြည်သူများမှလည်း ပြစ်မှု ကျူးလွန်သူများအား တွေ့ရှိပါက မှတ်တမ်းမှတ်ရာများကိုကူညီယူပေးပြီး ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သို့ ဖြစ်စေ၊ နီးစပ်ရာ ကာကွယ်ရေး၊လုံခြုံရေး အဖွဲ့များသို့ ဖြစ်စေ အကြောင်းကြားပေးရန် ဆော(ပအဖက)ထုတ်ပြန်ကြေညာခဲ့သည်။

ခေတ်မကောင်းသည်ကိုအကြောင်းပြုပြီး ခိုးမှု၊ဖောက်ထွန်းမှု ကျူးလွန်သူများကို အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် ဆော(ပအဖ ) ထုတ်ပြန်
ခေတ်မကောင်းသည်ကိုအကြောင်းပြုပြီး ခိုးမှု၊ဖောက်ထွန်းမှု ကျူးလွန်သူများကို အရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးရန် ဆော(ပအဖ ) ထုတ်ပြန်

ခေတ်ကာလ မကောင်းသည်ကို အကြောင်းပြုပြီး ခိုးမှု၊ ဖောက်ထွင်းမှု ကျူးလွန်သူများအား အရေးယူနိုင်ရေး အစိုးရ နှင့် ပြည်သူ ပူးပေါင်း လက်တွဲ ဖြေရှင်းကြရန် ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့ ထုတ်ပြန်ကြေညာခဲ့သည်။

ဆောမြို့နယ် အတွင်းရှိတရားဥပဒေ စိုးမိုးမှုမရှိသလောက်နီးပါးအားနည်းသော မြို့ပေါ် ရပ်ကွက်များတွင်ခိုးမှု၊အိမ်/ဆိုင် ဖောက်ထွင်းမှုများကို ဆိုးဆိုးဝါးဝါး ကျူးလွန်လျက်ရှိကြသည်ကို တွေ့မြင်ကြားသိနေရသည့်အပြင် အကြမ်းဖက် စစ်ကောင်စီမှနယ်မြေကျူးကျော်စဉ် ပြည်သူများက ဘေးလွတ်ရာ ရွှေ့ပြောင်းထားကြသော ပစ္စည်းဥစ္စာများကိုလည်း ပြည်သူအချင်းချင်း ခိုးယူမှုများ ကျူးလွန်လျက် ရှိကြောင်းကိုလည်း ကြားသိနေရသည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အဆိုပါ ခိုးမှု၊ ဖောက်ထွင်းမှု ကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး ၊ အပြစ်ပေး အရေးယူနိုင်ရေး တို့ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များ၊ ပြည်သူ့ရဲတပ်ဖွဲ့(NUG)၊ ပြည်သူလုံခြုံရေးအဖွဲ့(ပလဖ) များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြစ်မှု ကျူးလွန်ကြောင်း သက်သေအထောက်အထားခိုင်လုံပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု အသိပေးထားသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများ အနေဖြင့် အဆိုပါ ခိုးမှု ၊ ဖောက်ထွင်းမှုများအား ဆက်လက်မကျူးလွန်ကြရန် နှင့် ပြည်သူများမှလည်း ပြစ်မှု ကျူးလွန်သူများအား တွေ့ရှိပါက မှတ်တမ်းမှတ်ရာများကိုကူညီယူပေးပြီး ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့သို့ ဖြစ်စေ၊ နီးစပ်ရာ ကာကွယ်ရေး၊လုံခြုံရေး အဖွဲ့များသို့ ဖြစ်စေ အကြောင်းကြားပေးရန် ဆော(ပအဖက)ထုတ်ပြန်ကြေညာခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်က စစ်ဆင်ရေးအတွင်းမှာ အာဏာသိမ်းစစ်တပ်ထံက လက်နက်ခဲယမ်းတွေ သိမ်းရထားတယ်လို့ ဂန့်ဂေါခရိုင်စစ်ရေးတာ၀န်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲတွေအတွင်း စစ်တပ်ထံက လက်နက်ခဲယမ်းတချို့ ထပ်မံ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ဒီကနေ့( ဩဂုတ် ၁၉ ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆောမြို့နယ်မှာ စစ်တပ်ရဲ့ တပ်မ(၉၉)စစ်ကြောင်းထံက လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းရတယ်လို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။