Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီတိုင်းအတွင်းရှိ PDF ရဲဘော်များက ရှစ်လေးလုံးနှစ်ပတ်လည်နေ့ အဖြစ် ဆန္ဒပြ

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ဓာတ်ပုံ - DIC
ဓာတ်ပုံ - DIC

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ရဲဘော်များက ယနေ့ (သြဂုတ် ၈) ၌ ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်​ကြောင်း ဆန္ဒပြခဲ့ကြသည်။

PDF ရဲဘော်များက ရှစ်လေးလုံး အရေးခင်း၌ ကျဆုံးခဲ့ရသော အာဇာနည် သူရဲကောင်းများ အားလုံးကို အလေးပြု ဦးညွှတ်ခဲ့ကြပြီး လက်သုံးချောင်း ထောင်၍ အကြမ်းဖက်စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

ယင်းဆန္ဒပြ လှုပ်ရှားမှုများကို တနင်္သာရီတိုင်းအတွင်းရှိ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (FFFF) ရဲဘော်များ၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အေဒင်မှူး) ရဲဘော်များ၊ ထားဝယ်အရှေ့တောပြည်သူ့ကာကွယ်ရေး အင်အားစုဖွဲ့ရှိ (DEF-PDF) ရဲဘော်များက တောတွင်း တစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

နယ်သာလန်နိုင်ငံ The Hague မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့ Den Haag Central နဲ့ Utrecht Central station တို့မှာ (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အကြို ထီးသပိတ်လှုပ်ရှားမှုကို ဒီကနေ့ (ဇူလိုင် ၂၉)...

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။