Connect with us

Hi, what are you looking for?

သတင်း

MOGEပိုင် ကံပေါက် – သာကေတသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ

ထို့အပြင် မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း MOGE ကံပေါက်ရုံးခွဲအား ဩဂုတ် ၃ ရက် နံနက် ၃ နာရီ ၄၀ ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

MOGEပိုင် ကံပေါက် - သာကေတသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ
MOGEပိုင် ကံပေါက် - သာကေတသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ

အဆိုပါပိုက်လိုင်းသည် စစ်ကောင်စီတပ်စီးပွားရေးလုပ်ငန်းများသို့ ပို့လွှတ်နေ ခြင်းဖြစ်

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်း MOGE ပိုင် ကံပေါက် – သာကေတသွယ်တန်းထားသော ဓာတ်ငွေ့ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း ကံပေါက်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(KBDF)က ယနေ့(သြဂုတ် ၁၀) ထုတ်ပြန်သည်။

ယနေ့နံနက် ၅ နာရီ ၄၀မိနစ်ခန့်တွင် MOGE ပိုင်ပိုက်လိုင်းအား အိန္ဒရာဇာရွာနှင့် ဆင်ကူးရွာ အကြားတွင် တစ်ကြိမ် ၊ နံနက် ၈ နာရီ ၄၀ ခန့်တွင် နတ်ကြီးစင်နှင့် စိန်ဘုံရွာအကြားတွင် တစ်ကြိမ် စုစုပေါင်းနှစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုကို KBDFနှင့် ထား၀ယ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ -TPLF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

MOGEပိုင် ကံပေါက် - သာကေတသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ
MOGEပိုင် ကံပေါက် – သာကေတသွယ်တန်းထားသော သဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို နှစ်ကြိမ်မိုင်းခွဲ

“ကံပေါက်မှ သာကေတသို့ သွယ်တန်းထားသော MOGE ပိုက်လိုင်းသည် မြိုင်ကလေး ဘိလပ်မြေ စက်ရုံ အစရှိသည့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ လည်ပတ်ရေးအတွက် စွမ်းအင်ထောက်ပံ့ပေး နေသည့် အရင်းအမြစ်ဖြစ်သည့် အတွက် မိမိတို့အနေဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်သည်”ဟု KBDF က ဆိုသည်။

ထို့အပြင် မြန်မာ့ရေနံနှင့် သဘာ၀ဓါတ်ငွေ့လုပ်ငန်း MOGE ကံပေါက်ရုံးခွဲအား ဩဂုတ် ၃ ရက် နံနက် ၃ နာရီ ၄၀ ခန့်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

MOGEသည် အကျင့်ပျက်ချစားမှုနှင့် ညံ့ဖျင်းသော စီမံအုပ်ချုပ်မှုတို့ကြောင့် တိုင်းပြည်ဘဏ္ဍာအား လေလွင့်ဆုံးရှုံးစေပြီး နာမည်ဆိုးဖြင့် ကျော်ဇောသည့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် စစ်အာဏာရှင် များ၏ အဓိက နိုင်ငံခြားဝင်ငွေရလမ်းလည်း ဖြစ်သည်။

၂၀၂၁အာဏာသိမ်းမှုအပြီး အကြမ်းဖက် စစ်ကောင်စီမှ ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုများအတွက် ဘဏ္ဍာငွေရှာဖွေပေးနေသည့် အဓိကကြသော ဌာနတစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

မလေးရှား နိုင်ငံမှာ ဓာတ်ငွေ့ပိုက်လိုင်း ပေါက်ကွဲမှုလို့ ယုံကြည်ရတဲ့ အခြေအနေနဲ့အတူ ဧရာမ မီးတောက်ကြီး ကောင်းကင်ပေါ် ထိုးတက်နေတဲ့ မီးလောင်မှုမျိုး ဖြစ်ပွားခဲ့ပါတယ်။