Connect with us

Hi, what are you looking for?

သတင်း

သာကေတမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင် ဝင်တိုက်

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သာကေတမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင်တိုက်အပြီး တွေ့ရစဉ်။ ဓာတ်ပုံ - MFC

ဧပြီ-၁၅၊၂၀၂၆။ရောင်နီ/People’s Spring

ရန်ကုန်မြို့၊သာကေတမြို့နယ် ရှုခင်းသာလမ်းမမှာ သင်္ကြန်ရေပက်ခံကားတစ်စီး သစ်ပင်ဝင် တိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ သာကေတ ရှုခင်းသာပွိုင့်နား သင်္ကြန်လည်တဲ့ကား Accident ဖြစ်ပြန်ပီ အဲ့နားကျရင် ဂရုစိုက်မောင်းကြပါ လူနာ ၅ယောက်ထွက်တယ်လို့ ကနဦးသတင်းရပါတယ်” လို့ လူမှုကူညီရေးအသင်းသားတစ်ဦးက ‌မှတ်တမ်းဓာတ်ပုံနဲ့အတူရေးသားထားပါတယ်။

ဒီကနေ့(ဧပြီ၁၅) ရက်မှာ ယာဉ်တိုက်မှုဖြစ်ခဲ့တာဖြစ်ပြီး အဲဒီနေရာက မတော်တဆမှု‌တွေ မကြာခဏဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ ရှုခင်းသာလမ်းမ ဆီဆိုင်မှတ်တိုင်အနီးမနေ့က အကျနေ့ကားမှောက်တာပွဲချင်းပြီး ၃လောင်းသေတယ်။ ယနေ့အကြတ်နေ့ သစ်ပင်ကားဝင်ကြုံး မကြည့်ရဲလို့သွားမကြည့်ဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သင်္ကြန်ကာလမှာ ကား၊ ဆိုင်ကယ် မောင်းနှင်သူအများစုက အရက်မူးနေတာကြောင့် အပြင်ထွက်လည်တဲ့သူတွေ အနေနဲ့ သတိထားကြဖို့ ပြည်သူ‌အချင်းချင်းသတိပေးထားကြပါတယ်။

“ သင်္ကြန်အတွင်း စက်ဘီး ဘေးတွဲဆိုင်ကယ် ကား အကုန်နီးပါး မူးနေကြတာ မနေ့က ကားနဲ့ အပြင်ထွက်ကြည့်တော့ တော်တော်ရှောင်မောင်းပြီး သတိထားသွားခဲ့ရတယ်၊ဘေးတွဲဆိုင်ကယ်ဆို ပိုဆိုး၊အတင်းတိုးဝင် လီဗာဖြဲပြီး မောင်းတာ၊မဖြစ်ရင်တော့ ဘာမှ မဖြစ် ဖြစ်လာမှ အဖေကူ အမေကူ ဘယ်သူမှ မကယ်နိုင် ကားနောက်ကလိုက်တဲ့သူတွေကိုပဲ သနားမိတယ်” လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

မနေ့က (ဧပြီ၁၄)က ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး မှောက်ပြီး လူခုနစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

သင်္ကြန်ကာလမှာ ယာဉ်တိုက်မှုတွေ မကြာခဏဖြစ်နေတာကြောင့် သတိထားမောင်းကြဖို့ လူမှုကူညီရေးအသင်းတွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ သင်္ကြန်ရေပက်ခံကားတစ်စီး တိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၇ဦးရှိတယ်လို့ Yangon Rescue Organization (YRO)က အသိပေးထားပါတယ်။

သတင်း

ရန်ကုန်မြို့ သာကေတမြို့နယ် (၁)ဈေးတန်းက တာယာဆိုင်မီးလောင်မှုဖြစ်ခဲ့ပြီး ဆိုင်ခန်းနှစ်ခန်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ပံ့သကူပစ်တဲ့ အဖွဲ့ကိုရှောင်ရင်း လမ်းဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦး ကားတိုက်ခံရလို့ ကွယ်လွန်သွားတယ်လို့ ရှင်သန်ရေးကူညီမှုအသင်းက အသိပေးထားပါတယ်။

သတင်း

နိုဝင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီအချိန်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်းဖြစ်ပြီး တစ်နာရီခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Facebook