Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ
ယင်းမာပင်တွင် ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ် က လေကြောင်းမှ တိုက်ပွဲမရှိဘဲပစ်ခတ်နေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ပုထိုးသာကျေးရွာနှင့် ရင်ပေါင်တိုင်ကျေးရွာကို အကြမ်းဖ​က်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရဟတ်ယာဉ် သုံးစီးဖြင့် ပစ်ခတ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(သြဂုတ် ၁၁ရက်) ညနေ ၃နာရီခန့်ကယင်းမာပင်မြို့နယ်၊ ပုထိုးသာကျေးရွာနှင့်

ရင်ပေါင်‌တိုင် ကျေးရွာတို့ကို စစ်ကောင်စီတပ်က Mi35ရဟတ်ယာဉ်၂စီးဖြင့် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရိုးရိုးရဟတ်ယာဉ် တစ်စီးဖြင့် စစ်ကောင်စီတပ်သားများ နှစ်ကြိမ်တိတိ ချနေကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများ ပိတ်မိနေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အထိခိုက်များနိုင်ကြောင်း ဒေသခံတို့က ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယင်းမာပင်နယ်​ ဒေသခံတစ်ဦးက “ရဟတ်ယာဥ်နဲ့ ပစ်ခက်ပြီး ရင်ပေါင်တိုင်ရွာအနီးက အင်းထဲကို ရဟတ်ယာဥ်ပေါ်ကနေ စစ်​ွေးတွေချနေတယ်လို့ ပြောတယ်။ ချောင်းယမားရေတွေကလာနေတော့ ပြေးလို့မရဘူး။အကုန်ပိတ်မိနေတယ်။”ဟု ပြောသည်။

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းသည့် ယင်းမာ​ပင်မြို့နယ်တွင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ မကြာခဏ ထိတွေ့တို​က်ပွဲများ ဖြစ်ပွားနေသည်။

သြဂုတ်လ၁၀ရက်နေ့ ည ၉နာရီ ၁၅မိနစ်ခန့်ကလည်း စစ်ကောင်စီတပ်က ယင်းမာပင်မြို့အနောက်ဘက်သို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ပြောင်းပြာကျေးရွာ အတွင်း ကျရောက်ခဲ့ပြီး ဒေသခံပြည်သူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။