Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ်လာသည့် ကားတစ်စီးကို ပြောက်ကျားတပ်ဖွဲ့များ တားဆီးစစ်ဆေးရာ ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ

“ဖိုလ်ဝင်တောင် အနီးမှာ မိတာ။ရဲအရွှေ့အပြောင်း စာရင်းရယ်၊ယူနီဖောင်နဲ့ စကားပြောစက်တွေပါတယ်”ဟု ယင်းမာပင် ဒေသခံတစ်ဦးက ရှင်းပြသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှထွက်လာသည့် ကားတစ်စီးကို ပြောက်ကျားတပ်ဖွဲ့များကတားဆီးစစ်ဆေးရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ္စည်းများသိမ်းဆည်းရမိကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Springသို့ ပြောသည်။

ယင်းမာပင်မြို့နယ်လာသည့် ကားတစ်စီးကို ပြောက်ကျားတပ်ဖွဲ့များ တားဆီးစစ်ဆေးရာ ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ
ယင်းမာပင်မြို့နယ်လာသည့် ကားတစ်စီးကို ပြောက်ကျားတပ်ဖွဲ့များ တားဆီးစစ်ဆေးရာ ရဲအသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိ

ယနေ့(ဇွန် ၂ ရက်) နံနက် ၈နာရီခန့်က ယင်းမာပင်မြို့မှ ထွက်ခွာလာသည့်ယာဉ်တစ်စီးကို မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ဒေါင်းမင်း(ဗိုလ်စက္က) နှင့် တဇောက်ကမ်းဘကြမ်းအဖွဲ့တို့ စစ်ဆေးရာမှ စစ်ကောင်စီ ရဲတပ်ဖွဲ့၏ ပစ္စည်းများကို တွေ့ရှိခဲ့ခြင်းဟု ဆိုသည်။

“ဖိုလ်ဝင်တောင် အနီးမှာ မိတာ။ရဲအရွှေ့အပြောင်း စာရင်းရယ်၊ယူနီဖောင်နဲ့ စကားပြောစက်တွေပါတယ်”ဟု ယင်းမာပင် ဒေသခံတစ်ဦးက ရှင်းပြသည်။

ယင်းမာပင်၊ပုလဲ နှင့် ကနီဒေသတို့တွင် စစ်ကောင်စီတပ်မှ အင်အားတိုးမြှင့်မှုများကြောင့် တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေပြီး ဒေသခံတော်လှန်ရေးအင်အားစုများက လမ်းပိုင်းဆိုင်ရာ ကန့်သတ် စစ်ဆေးမှုများလည်း ပြုလုပ်လျှက်ရှိ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ အရာတော်မြို့နယ်မှာ ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေက စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇူလိုင် ၂၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင် ၊အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် ပစ်ခတ်ခံရပြီး ကျဆုံးခဲ့တဲ့ အပေါ် မိသားစုဝင်များ၊ ရဲဘော် ရဲဘက်များနဲ့ ထပ်တူ ဝမ်းနည်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ထုတ်ပြန်ခဲ့ပြီး ကျူးလွန်သူ ရဲဘော်ကို ဖမ်းဆီးထားသလို မလိုလားအပ်တဲ့နောက်ဆက်တွဲတွေ မဖြစ်ဖို့ ဆောင်ရွက်နေတယ်လို့...

သတင်း

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ရွာပေါင်းစုံသပိတ်နဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် (၈+၁)=၉ (၉) ရွာ (၉)မိုင် ချီတက်လမ်းလျှောက်တဲ့ လှုပ်ရှားမှု ဒီကနေ့ (ဇွန် ၁၈) ပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။