Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီသင်္ဘောအုပ်စု ကချင်သို့ ဆက်လက်ဆန်တက်နေ

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သဘော် အုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)
(ကချင်ပြည်နယ်သို့ ဆန်တက်သွားသည့် သဘော် အုပ်စုမှ တစ်စီးအား တွေ့ရစဉ်၊ ဓာတ်ပုံ - Tigyaing Revolution -TR)

စစ်ကိုင်းတိုင်း ကသာမြို့ သုံးဆယ်ပေးကျေးရွာသို့ အကြမ်းဖက်ခဲ့သည့် စစ်ကောင်စီ​၏ သင်္ဘောအုပ်စု သည် ကချင်ပြည်နယ် ရွှေကူမြို့ဘက် သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆက်လက်ဆန် တက်သွားပြီဟု ပြည်သူ့ကာကွယ်ရေးရဲဘော်များက ပြောသည်။

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​သော စစ်ကောင်စီ သင်္ဘော (၆)စီးသည် သြဂုတ် ၁၁ရက် နေ့လည်တွင် ကသာမြို့နယ်ပိုင်နက်အတွင်း ရောက်ရှိလာပြီး တိုက်ခိုက်ခံခဲ့ရသည်။

တိုက်ခိုက်ခံရသည့် နေရာအနီးမှ သုံးဆယ်ပေး ကျေးရွာအတွင်း စစ်ကောင်စီတပ်က ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

” မနေ့ကနဲ့ တနေ့(သြဂုတ်လ ၁၁ရက်နနဲ့ ၁၂ရက်)က ရွာကို ဝင်မွှေတယ်။ ဒေသခံတွေကို ဖမ်းခေါ်ပြီး ရွာကို မီးရှို့မယ်လို့ ခြိမ်းခြောက်တယ်။ ရွာသားတွေ မသေရုံ နှိပ်စက်ခံရတယ်။ အခုတော့ ပြန်ထွက်သွားပြီ”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သုံးဆယ်ပေးရွာသည် အိမ်ခြေ ၇၀ခန့်ရှိသော မြစ်ကမ်းဘေး ရွာလေးဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ရွာကို မီးရှို့မသွားသော်လည်း ဒေသခံအချို့ ရိုက်နှက်နှ်ိပ်စက်ခံခဲ့ရသည်ဟု ကသာမြို့ခံများကပြောသည်။

သြဂုတ် ၁၁ရက်က တိုက်ခိုက်မှုကို ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁၂)လက်အောက်ခံ KachinPDFနှင့် ပကဖ များပူးပေါင်းပြီး ၁၀၇ မမ လျော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ကသာပကဖက ထုတ်ပြန်ထားသည်။ သင်္ဘော ၆ စီးအနက် တစ်စီးထိမှန်ပျက်စီးသွားခဲ့၍ တစ်စီးအစားထိုးကာ ဆက်လက်ထွက်ခွာသွားပြီဟု ကသာမြို့ခံအချို့က ပြောသည်။

သင်္ဘော (၆)စီးမှာ သံခွန်သင်္ဘောအသေးတစ်စီးနှင့် ပင်လုံ၊ပြည်သူ၊ပြဒါးရှင်၊ပတိုင်း၊ပုံညာဟု အမည်ပေး ထားသော သင်္ဘောငါးစီးဖြစ်သည်။

သင်္ဘောများအားလုံး၏ အမိုးပေါ်တွင် စက်လက်များ၊အမြောက်များ ၊စနိုက်ပါများ တပ်ဆင်ထားသောကြောင့် မြစ်ကမ်းဘေးပြည်သူများ ဂရုပြုနေထိုင်ကြရန် Tigyaing Revolution -TRက သတိပေးထားသည်။

သင်္ဘောများတွင် စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ်သို့ ပို့မည့် လက်နက်ခဲယမ်းနှင့် ရိက္ခာများတင်ဆောင်ထားသောကြောင့် မြစ်ကြောင်းတလျှောက် ပြည်သူများက သတင်းပေးပို့ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်များက တောင်းဆိုထားသည်။

အဆိုပါ သင်္ဘော (၆)စီးအားစစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းဖြင့် ဝန်းရံကာ ကချင်ပြည် နယ် ဗန်းမော်မြို့အထိ တွဲခေါ်မည်ဟု သတင်းရရှိထားကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထား သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်၊မော်လူးမြို့တို့ကို ထိုးစစ်ဆင် နေတဲ့ တပ်မ(၃၃)ကစစ်​ကြောင်း တွေ နောက်တန်းပြန်ဆုတ်လာပြီး ဇူလိုင်လ ၂၂ရက်ညနေပိုင်းမှာကားအစီး ၈၀နဲ့ မန္တ လေးမြို့တွင်း ပြန်ဝင်တယ်လို့ ‌‌‌‌‌‌‌တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။

သတင်း

နယ်စပ်အနီး စစ်တပ်စခန်းမီးလောင်မှု၊ စစ်သားအလောင်းတွေကျန်ခဲ့တဲ့ရုပ်သံတွေထွက်ပေါ်