Connect with us

Hi, what are you looking for?

သတင်း

သင်္ဘောအုပ်စုတိုက်ခိုက်ခံရပြီးနောက် မြစ်ကမ်းဘေးရွာမှ ဒေသခံများကို စစ်ကောင်စီဖမ်းဆီးထား

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

(စစ်ကောင်စီ၏ ရေယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(စစ်ကောင်စီ၏ ရေယာဥ်တစ်စင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကသာမြို့တွင် စစ်ကောင်စီ၏ သင်္ဘောအုပ်စုတိုက်ခိုက်ခံရပြီး နောက် မြစ်ကမ်းဘေးရှိ ကျေးရွာတစ်ရွာမှ ဒေသခံများကို ဖမ်းဆီးထားပြီး ရွာအတွင်း အကြမ်းဖက်စီးနင်းနေသည်ဟု မြို့ခံများက ပြောသည်။

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်ကောင်စီသင်္ဘော (၆)စင်းကို ကသာမြို့နယ် မှ ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယမန်နေ့( သြဂုတ် ၁၁ရက်)က တိုက်ခိုက်ခဲ့သည်။ ကသာခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၁၂)လက်အောက်ခံ KachinPDFနှင့် (ပကဖ) များပူးပေါင်းပြီး (၁၀၇) မမ လျော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခဲ့သည့်နေရာအနီးမှ သုံးဆယ်ပေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်း ယနေ့(သြဂုတ် ၁၂ရက်) ဝင်ရောက်နေပြီး ရွာကိုမီးရှို့မည်ဟု ​ခြိမ်းခြောက်ထားကြောင်း မြို့ခံများက ပြောသည်။

” မနေ့က အပစ်ခံရတာ သူတို့ သင်္ဘောတစ်စီးပျက်သွားတယ်။ ရွာက မိန်းကလေးတွေအပါအဝင် ဒေသခံတွေကို ဖမ်းပြီး သူတို့လိုချင်တဲ့သူတွေကို တောင်းတယ်။ လူစာရင်းက ဘယ်ကရမှန်းလည်း မသိဘူး။ ပြန်လွှတ်ပေးဖို့ ဘုန်းကြီးတွေက တောင်းပန်တော့ တချို့ ပြန်လွှတ်ပေးပြီး တချို့ကို ထပ်ဖမ်းတယ်။ ဒီမနက်တော့ ရွာထဲကို ဝင်မွှေနေပြီ”ဟု ကသာမြို့ခံတစ်ဦး ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လက်နက်အသင့်ပြင်ဆင်ထားသည့်သင်္ဘောပေါ်မှနေ၍ မြစ်ကမ်းဘေး ကျေးရွာများကို ပစ်ခတ်နေသည်ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ကသာ(ပကဖ)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ သင်္ဘော (၆)စင်းသည် မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းမှ သြဂုတ် ၈ရက်တွင် စတင်ထွက်ခွာလာ​ပြီး သြဂုတ် ၁၁ရက် နေ့လည်တွင် ကသာမြို့နယ်ပိုင်နက်အတွင်း ရောက်ရှိလာ စဥ် တိုက်ခိုက်ခံရခြင်းဖြစ်သည်။ ယခုအခါ ယင်းရေယာဥ်အုပ်စုသည် ခရီးမဆက်သေးဘဲ သုံးဆယ်ပေးရွာအနီး ရပ်တန့်ထားသည်။

သုံးဆယ်ပေးရွာသည် အိမ်ခြေ ၇၀ခန့်ရှိသော မြစ်ကမ်းဘေး ရွာလေးဖြစ်ပြီး ဒေသခံများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။