Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ
ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ဘဏ်ထဲ ခိုးဝင်ဖို့ လှိုဏ်ခေါင်းတူးရင်း မြေပြိုကျမှုကြောင့် ဒုက္ခရောက်နေသူ တစ်ဦးကို ကယ်ဆယ်ခဲ့ရကြောင်း အီတလီနိုင်ငံ၊ ရောမမြို့တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရောမမြို့နဲ့ ဆက်စပ် တည်ရှိနေရာ ဗာတီကန် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်နားမှာ မြေပြိုမှု တစ်ခု ဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက် စစ်ဆေးရင်း အီတလီ အမျိုးသား တစ်ယောက်ကို တွေ့ရှိခဲ့တာပါ။ အဲဒီလူဟာ လောလောဆယ် ဆေးရုံ ရောက်နေပြီး ဒဏ်ရာတွေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။

သူဟာ အန္တရာယ်တွင်းက လွတ်လာပေမယ့် နောက်ဆက်တွဲ ဒုက္ခတွေကတော့ စောင့်ကြိုနေဦးမှာပါ။ ရဲတွေက သူရယ်၊ နောက်ထပ် ကြံရာပါလို့ ယုံကြည်ရသူတွေကို အများပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ဓားပြတိုက်ဖို့ ကြံစည်မှု၊ ဖောက်ထွင်းမှုတွေနဲ့ စွဲချက်တင်ဖို့ အသင့် ပြင်ဆင်ထားကြပါပြီ။

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

Public Service Announcement

Public Service Announcement

မြေအောက် ၆ မီတာ အနက်လောက်မှာ ပိတ်မိနေသူ စုစုပေါင်း ၄ ဦးဖြစ်ပေမယ့် ၃ ယောက်က အကူအညီတွေ ရောက်မလာခင် ကိုယ်လွတ်ရုန်းသွားခဲ့ပါတယ်။ သူတို့အားလုံးဟာ ဗာတီကန်က ဘဏ်တစ်ခုထဲ ဖောက်ထွင်း ဝင်ရောက်ဖို့ မြေအောက် ဥမင် တူးနေရင်း အမှားအယွင်း ကြုံသွားကြတာလို့ ယုံကြည်ကြောင်း ရဲတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်ပြီး စုံစမ်းနေကြောင်း၊ သံသယရှိသူ အားလုံးဟာ ဖောက်ထွင်းသမားတွေဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်စဉ်းစားထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အဲဒီ ဥမင်ဟာ မကြာသေးခင်ကမှ ငှားရမ်းထားပြီး လုံးဝဥဿုံ ပိတ်ထားတဲ့ စတိုးဆိုင် တစ်ခုကနေ အစပြုပါတယ်။ ဥမင် အစပြုတဲ့ နေရာနားမှာ ဘဏ်နှစ်ခု ရှိနေပါတယ်။ အခုတော့ မြို့ရဲ့ မြူနီစီပယ် တာဝန်ရှိသူတွေက ဥမင်တူးထားတဲ့ နေရာတွေကို ပြန်ပြီး မြေဖို့ ပြင်ဆင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က BTS ရထားလိုင်းပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ နိုင်ငံသား လူငယ်တစ်စုတို့ကြား အပြန်အလှန် စကားများခဲ့တဲ့ ကိစ္စဟာ လူမှုကွန်ရက်တွေပေါ်မှာ လူပြောအများဆုံး အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

နိုင်ငံတကာ

အိန္ဒိယ နိုင်ငံက ဆောက်လုပ်ဆဲ ရေအားလျှပ်စစ် စီမံကိန်း နေရာတစ်ခုမှာ မြေအောက် ဥမင်ပြိုကျမှု ဖြစ်ပွားပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ဖားကန့်မှာ မိုးသည်းထန်ပြီး တောင်ကျရေကြောင့် ဒေသခံတွေဟာ ရေကြီးနစ်မြုပ်မှု ပြန်လည်ရင်ဆိုင်နေရပြီး ‌နေရာအချို့မှာလည်း မြေပြိုမှုတွေ ဖြစ်နေပါတယ်။