Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီတလီမှာ ရေခဲမြစ် ပြိုကျပြီး လူ ၆ ဦး သေ၊ ပျောက်ဆုံး ဒဏ်ရာရသူ အများအပြားရှိ

ရေခဲမြစ်တွေရဲ့ သဘောအရ အပိုင်းလိုက် ချိတ်ဆက် ဖွဲ့စည်းထားတတ်ပြီး တချို့ အပိုင်းတွေက အပူချိန် အပြောင်းအလဲ ဖြစ်ချိန်မှာ ပိုပြီး မြန်မြန်ဆန်ဆန် အရည်ပျော် ပျက်စီးတတ်တဲ့အတွက် အလွှာလိုက် ပြိုကျမယ့် အန္တရာယ် ပိုများတယ်လို့လည်း သူက ပြောပြသွားပါတယ်။

အီတလီမှာ ရေခဲမြစ် ပြိုကျပြီး လူ ၆ ဦး သေ၊ ပျောက်ဆုံး ဒဏ်ရာရသူ အများအပြားရှိ
အီတလီမှာ ရေခဲမြစ် ပြိုကျပြီး လူ ၆ ဦး သေ၊ ပျောက်ဆုံး ဒဏ်ရာရသူ အများအပြားရှိ

အီတလီနိုင်ငံမှာ ရေခဲမြစ်တစ်စင်း ပြိုဆင်းမှုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ဒဏ်ရာရသူတွေကို ဆေးရုံ တင်ပို့ပေးထားပြီး အဲဒီထဲက ၂ ဦးရဲ့ အခြေအနေက အတော်လေး စိုးရိမ်ရတယ်လို့ ကယ်ဆယ်ရေးတွေက ဆိုပါတယ်။ အီတလီနဲ့ ဆက်စပ်နေတဲ့ အဲ့လ်ပ်စ်တောင်တန်းတွေက ရေခဲမြစ်တစ်ခု အက်ကွဲ ပြိုကျခဲ့တဲ့ နေရာကနေ လူနာတွေကို ရဟတ်ယာဉ်တွေနဲ့ သယ်ယူနေသလို နောက်ထပ် ပျောက်ဆုံးနေသူတွေကိုလည်း ဒရုန်းတွေသုံးပြီး လိုက်ရှာနေကြပါတယ်။

ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ရေခဲမြစ် ပြိုကျမှုအတွင်း နောက်ထပ် ပျောက်ဆုံးနေသူ ၁၉ ဦးထက်မနည်း ရှိသေးတယ်လို့လည်း သိရပါတယ်။ ဗီဒီယို မှတ်တမ်းတွေမှာတော့ အဲဒီဒေသရဲ့ အမြင့်ဆုံး နေရာဖြစ်တဲ့ မာမိုလာဒါ တောင်စောင်းကနေ ဆီးနှင်းနဲ့ ရေခဲချပ်ကြီးတွေ အလုံးအရင်း ပြိုကျလာတာ တွေ့ရပါတယ်။

ရေခဲမြစ် ပြိုကျတဲ့ လမ်းကြောင်းတလျှောက်မှာ တချို့က လေဟာပြင် ပါတီပွဲတွေ လုပ်နေခဲ့ရာက လုံးထွေးပြီး ပါသွားခဲ့ကြတယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်း တစ်ဦးဖြစ်တဲ့ မစ်ချီလာ အိုနာဗာက ပြောပါတယ်။ လက်ရှိ အသေအပျောက်နဲ့ ဒဏ်ရာရ စာရင်းတွေက ခန့်မှန်းအဆင့်သာ ရှိသေးပြီး အတိအကျ မပြောနိုင်သေးဘူးလို့လည်း သူက ဆိုတယ်။

Public Service Announcement

Public Service Announcement

ရေခဲမြစ်ရဲ့ ကြီးမားတဲ့ အစိတ်အပိုင်းတစ်ခု ရုတ်တရက် ပြိုကျခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ ဒေသခံ ကယ်ဆယ်ရေး အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့ ဝေါ်လ်တာ မီလန်က မကြာသေးခင် ရက်ပိုင်းအတွင်း အဲဒီ နေရာတဝိုက်မှာ ပုံမှန်ထက် အပူချိန် မြင့်တက်လာတာနဲ့ ဆက်စပ်နိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ကမ္ဘာ့ရာသီဥတု ပူနွေးလာခြင်းက အီတလီက ရေခဲမြစ်တွေရဲ့ ဖွဲ့စည်းတည်ရှိပုံမှာလည်း အပြောင်းအလဲတွေ ဖြစ်လာစေပါတယ်။ အဲ့လ်ပ်စ် တောင်တန်းကြီး တစ်ခုလုံးကလည်း ၁၈၅၀ ပြည့်နှစ်နဲ့ ယှဉ်ရင် ရေခဲထု စုစုပေါင်းရဲ့ ထက်ဝက်လောက်ကို အရည်ပျော် ဆုံးရှုံးခဲ့ရပြီးပါပြီ။ ရေခဲတွေ အရည်ပျော်မှုဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ အရမ်း မြန်ဆန်လာတယ်လို့လည်း သိရပါတယ်။ အကျိုးဆက် အနေနဲ့ ရေခဲမြစ်တွေ ပြိုကျနိုင်ခြေကလည်း သာမန်ထက် မြင့်တက်လာတယ်လို့ ကင်းဘရစ်ဂျ် တက္ကသိုလ်က ရေခဲမြစ် အထူးပြုဗေဒ ပါမောက္ခ ပေါလ် ခရစ္စတိုဖာဆန်က ရှင်းပြပါတယ်။

အထူးသဖြင့် ရေခဲမြစ်တွေရဲ့ သဘောအရ အပိုင်းလိုက် ချိတ်ဆက် ဖွဲ့စည်းထားတတ်ပြီး တချို့ အပိုင်းတွေက အပူချိန် အပြောင်းအလဲ ဖြစ်ချိန်မှာ ပိုပြီး မြန်မြန်ဆန်ဆန် အရည်ပျော် ပျက်စီးတတ်တဲ့အတွက် အလွှာလိုက် ပြိုကျမယ့် အန္တရာယ် ပိုများတယ်လို့လည်း သူက ပြောပြသွားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

ဆောင်းပါး

ဒါဆို နီပေါမှာ နောက်ထပ်ရေခဲမြစ်ရေလွှမ်းမိုးမှု ဘယ်အချိန် ထပ်ဖြစ်မလဲ ဆိုတာ သိပ္ပံပညာရှင်တွေ ကြိုတင်ခန့်မှန်းနိုင်ပါသလား။