Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ
ဘဏ်ဖောက်ဖို့ ဥမင်တူးရင်း မြေပြိုကျလို့ ဒုက္ခရောက်နေသူကို အီတလီ ရဲတပ်ဖွဲ့ ကယ်ဆယ်ခဲ့ရ

ဘဏ်ထဲ ခိုးဝင်ဖို့ လှိုဏ်ခေါင်းတူးရင်း မြေပြိုကျမှုကြောင့် ဒုက္ခရောက်နေသူ တစ်ဦးကို ကယ်ဆယ်ခဲ့ရကြောင်း အီတလီနိုင်ငံ၊ ရောမမြို့တော် ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ရောမမြို့နဲ့ ဆက်စပ် တည်ရှိနေရာ ဗာတီကန် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နိုင်ငံငယ်နားမှာ မြေပြိုမှု တစ်ခု ဖြစ်ပွားကြောင်း သတင်းရလို့ သွားရောက် စစ်ဆေးရင်း အီတလီ အမျိုးသား တစ်ယောက်ကို တွေ့ရှိခဲ့တာပါ။ အဲဒီလူဟာ လောလောဆယ် ဆေးရုံ ရောက်နေပြီး ဒဏ်ရာတွေ သက်သာစ ပြုလာပြီလို့ သိရပါတယ်။

သူဟာ အန္တရာယ်တွင်းက လွတ်လာပေမယ့် နောက်ဆက်တွဲ ဒုက္ခတွေကတော့ စောင့်ကြိုနေဦးမှာပါ။ ရဲတွေက သူရယ်၊ နောက်ထပ် ကြံရာပါလို့ ယုံကြည်ရသူတွေကို အများပိုင် ပစ္စည်း ဖျက်ဆီးမှု၊ ဓားပြတိုက်ဖို့ ကြံစည်မှု၊ ဖောက်ထွင်းမှုတွေနဲ့ စွဲချက်တင်ဖို့ အသင့် ပြင်ဆင်ထားကြပါပြီ။

ရဲတွေက လှိုဏ်ခေါင်းတူးသူ အမျိုးသားဟာ ဘဏ်ဓားပြ ဂိုဏ်းတစ်ခုရဲ့ အဖွဲ့ဝင်လို့ ယူဆထားပါတယ်။ လှိုဏ်ခေါင်း ပြိုကျပြီးပြီးချင်းမှာ အဖွဲ့သား ၂ ယောက်က ထွက်ပြေးသွားပေမယ့် ရဲတွေက ဖမ်းမိခဲ့ပါတယ်။ သူတို့ကို အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ ကနဦး အမှုဖွင့်ထားပါတယ်။

Public Service Announcement

Public Service Announcement

မြေအောက် ၆ မီတာ အနက်လောက်မှာ ပိတ်မိနေသူ စုစုပေါင်း ၄ ဦးဖြစ်ပေမယ့် ၃ ယောက်က အကူအညီတွေ ရောက်မလာခင် ကိုယ်လွတ်ရုန်းသွားခဲ့ပါတယ်။ သူတို့အားလုံးဟာ ဗာတီကန်က ဘဏ်တစ်ခုထဲ ဖောက်ထွင်း ဝင်ရောက်ဖို့ မြေအောက် ဥမင် တူးနေရင်း အမှားအယွင်း ကြုံသွားကြတာလို့ ယုံကြည်ကြောင်း ရဲတွေက ပြောပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဆက်ပြီး စုံစမ်းနေကြောင်း၊ သံသယရှိသူ အားလုံးဟာ ဖောက်ထွင်းသမားတွေဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း ထည့်စဉ်းစားထားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။

အဲဒီ ဥမင်ဟာ မကြာသေးခင်ကမှ ငှားရမ်းထားပြီး လုံးဝဥဿုံ ပိတ်ထားတဲ့ စတိုးဆိုင် တစ်ခုကနေ အစပြုပါတယ်။ ဥမင် အစပြုတဲ့ နေရာနားမှာ ဘဏ်နှစ်ခု ရှိနေပါတယ်။ အခုတော့ မြို့ရဲ့ မြူနီစီပယ် တာဝန်ရှိသူတွေက ဥမင်တူးထားတဲ့ နေရာတွေကို ပြန်ပြီး မြေဖို့ ပြင်ဆင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အခုလို အရေးယူ ပိတ်ဆို့မှုတွေဟာ အာဏာသိမ်း စစ်တပ်က ပြည်သူလူထုအပေါ် ကြမ်းကြုတ် ရက်စက်လှတဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာကို ကန့်သတ် လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ဩစတြေးလျက ထုတ်ပြန်ပါတယ်။

သတင်း

ဓားပြတိုက်မှုကြောင့် ကျပ်သိန်း ၃,၀၀၀ခန့်ပါသွားကြောင်းလည်း ဒေသခံများက ပြောသည်။ သို့သော် မည်မျှအရေအတွက်ပါသွားသည်ကို လူထုနွေဦးက အတည်မပြုနိုင်သေးပေ။

သတင်း

စစ်ကောင်စီ၏ ဗဟိုဘဏ်က ပြည်တွင်းဘဏ်များမှ ငွေသားထုတ်ယူမှုကို ကန့်သတ်လိုက်ပြီးနောက် ဘဏ်များက ယခုကဲ့သို့ ငွေသားထုတ်ပေးမှုကိုတင်းကြပ်လိုက်ခြင်းဖြစ်သည်။

သတင်း

ပိတ်ဆို့အရေးယူပြီး သိပ်မကြာခင်မှာပဲ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနဆီ ဒါကာမြို့မှာရှိတဲ့ အမေရိကန် သံရုံးက MFTB နဲ့ MICB ဘဏ်အကောင့်တွေကိုပိတ်ပစ်ဖို့ ဖိအားပေးခဲ့တာပါ။