Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာသူများကို မိသားစုနှင့် ဆုံဆည်းရေး KNU ကူညီပေး

ဒုတပ်ကြပ်ကျော်နိုင်စိုး အပါအဝင် ရှေ့တန်းရောက်စစ်သည်များ စစ်ကောင်စီ တပ်မှ ရုန်းထွက်ပြီး KNU ထံ ခိုလှုံလာမှုများစွာရှိခဲ့ပြီး KNU အနေဖြင့်လည်း လာရောက်သူများကို ကောင်းမွန်စွာ ကြိုဆိုလျက်ရှိသည်။

မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ဒုတပ်ကြပ် ကျော်နိုင်စိုး၊ဓာတ်ပုံ - Salween Press
မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ဒုတပ်ကြပ် ကျော်နိုင်စိုး၊ဓာတ်ပုံ - Salween Press

စစ်ကောင်စီတပ်မှ ရုန်းထွက်ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ထံခိုလှုံ လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ကျန်မိသားစုဝင်များနှင့်ပြန်လည် ဆုံဆည်းနိုင်ရေး KNUက ဆောင်ရွက်ပေးနေ ကြောင်း Salween Press က ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

ယခုနှစ် ဇူလိုင်လကုန်ပိုင်းက KNU ထံခိုလှုံလာသည့် စစ်ကောင်စီ၏ တပ်မ(၄၄)လက်အောက်ခံခမရ (၂၀၇) မှ ဒုတပ်ကြပ် ကျော်နိုင်စိုး၏ ကျန်ရှိသည့် မိသားစုဝင်များကို KNUက ခေါ်ယူပေး၍ဩဂုတ် ၁၂ရက်မှစ၍ မိသားစုနှင့်အတူ ဆုံဆည်းနိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

ဒုတပ်ကြပ်ကျော်နိုင်စိုးသည် မြ၀တီ – ဝေါ်လေ လမ်းအနီး ကော်ဘရာ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ် နေသည့် စစ်ကောင်စီတပ်စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ဖြစ်ပြီး ဇူလိုင် ၁၆ရက်တွင် စစ်ကောင်စီတပ်က ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ဒုတပ်ကြပ် ကျော်နိုင်စိုး၊ဓာတ်ပုံ - Salween Press
မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အမှတ်တရဓာတ်ပုံရိုက်ကူးနေသော ဒုတပ်ကြပ် ကျော်နိုင်စိုး၊ဓာတ်ပုံ – Salween Press

၎င်းအနေဖြင့် စစ်မတိုက်လိုတော့ကြောင်း ၊ စစ်ကောင်စီခေါင်းဆောင်များသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အောက်ခြေကို မငဲ့ဘဲလုပ်ဆောင်နေခြင်း ကြောင့် ရှေ့တန်းရောက် စစ်သားများက စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို မကျေနပ်ကြကြောင်း ဒုတပ်ကြပ် ကျော်နိုင်စိုး CDM ပြုလုပ်လာချိန်တွင် ပြောဆိုထားသည်။

Public Service Announcement

Public Service Announcement

ဒုတပ်ကြပ်ကျော်နိုင်စိုး အပါအဝင် ရှေ့တန်းရောက်စစ်သည်များ စစ်ကောင်စီ တပ်မှ ရုန်းထွက်ပြီး KNU ထံ ခိုလှုံလာမှုများစွာရှိခဲ့ပြီး KNU အနေဖြင့်လည်း လာရောက်သူများကို ကောင်းမွန်စွာ ကြိုဆိုလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို