Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသွားလမ်းပိုင်းများတွင် ကားမှန်ချမောင်းနှင်ရန် PDFများက သတိပေး

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(မိုးကုတ်-မန္တလေးလမ်းပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ)
(မိုးကုတ်-မန္တလေးလမ်းပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းများတွင် ခရီးသွားကားများ ကားမှန်ချမောင်းနှင်ပေးရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်များရှိ မြို့ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မြို့တွင်းမြို့ပြင်လမ်းများ၌ သွားလာနေကြသော ပြည်သူများအနေဖြင့် ကားမှန်များချ၍ မောင်းနှင်ပေးပါရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့သြဂုတ်လ၁၃ရက်နေ့တွင် အသိပေးကြေညာသည်။

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်​ကောင်စီတပ်ယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။