Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးတိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသွားလမ်းပိုင်းများတွင် ကားမှန်ချမောင်းနှင်ရန် PDFများက သတိပေး

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(မိုးကုတ်-မန္တလေးလမ်းပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ)
(မိုးကုတ်-မန္တလေးလမ်းပေါ်တွင် တွေ့ရသည့် အကြမ်းဖက်စစ်တပ်ယာဥ်တစ်စီး။ ဓါတ်ပုံ-CJ)

မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဆက်သွယ်ထားသော လမ်းများတွင် ခရီးသွားကားများ ကားမှန်ချမောင်းနှင်ပေးရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။

မိုးကုတ်၊ မိုးမိတ်၊ သပိတ်ကျင်း၊ စဉ့်ကူး၊ ပြင်ဦးလွင်၊ နောင်ချိုမြို့နယ်များရှိ မြို့ချင်းဆက်လမ်းများ၊ ကျေးရွာချင်းဆက်လမ်းများ၊ မြို့တွင်းမြို့ပြင်လမ်းများ၌ သွားလာနေကြသော ပြည်သူများအနေဖြင့် ကားမှန်များချ၍ မောင်းနှင်ပေးပါရန် သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့သြဂုတ်လ၁၃ရက်နေ့တွင် အသိပေးကြေညာသည်။

မှားယွင်းစွာ ပစ်ခတ်မိမည်ကို စိုးရိမ်၍ ကားမှန်များချကာ မောင်းနှင်ပေးရန် အထူးတောင်းပန်အပ်ကြောင်း သပိတ်ကျင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

မန္တလေး-မိုးကုတ်လမ်းပိုင်းတွင် ပြီးခဲ့သည့်လပိုင်းအတွင်းက စစ်​ကောင်စီတပ်ယာဥ်များ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရဖူးသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။