Connect with us

Hi, what are you looking for?

သတင်း

KNLA/KNDO တပ်မှူးများအစည်းအဝေးကော်သူးလေတပ်မတော်ရင်ဘတ်တံဆိပ်အသုံးပြုမည့် ဆုံးဖြတ်ချက်ကို တပ်မဟာအားလုံးတွင် ဆောင်ရွက်မည်

(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ - Wild Bird)
(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ - Wild Bird)

KNLA ဒုစစ်ဦးစီးချုပ်ဦးဆောင်ကျင်းပသည့်တပ်မဟာ(၅)ကရင်အာဇာနည်နေ့ အခမ်းအနားတွင် တပ်ဖွဲ့ဝင်များ ရင်ဘက်တွင် စတင်တပ်ဆင်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ တပ်များဖြစ်သည့် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်(KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်မှူးများ၏ ဇူလိုင်လ အစည်းအဝေး တစ်ရပ်၌ ဆုံးဖြတ်ခဲ့သည့် ကော်သူးလေတပ်မတော် ရင်ဘက်တံဆိပ်ကို တပ်မဟာအားလုံးရှိ တပ်ဖွဲ့ဝင်ရဲဘော်များ တပ်ဆင်အသုံးပြုသွားမည်ဖြစ်ကြောင်း KNU ဗဟို သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယမန်နေ့ (ဩဂုတ် ၁၂ရက်)က ကျင်းပခဲ့သည့် KNLA တပ်မဟာ(၅)၏ ကရင့်အာဇာနည်နေ့ အခမ်းအနားတွင် ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးဘောကျော်ဟဲ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက ကရင်ဘာသာဖြင့် ရေးသားထားသည့် ကော်သူးလေတပ်မတော် ရင်ဘတ်တံဆိပ်ကို တပ်ဆင် အသုံးပြုခဲ့ပြီး ယခင်က အသုံးပြုနေကျ စစ်စိမ်း ပြောက်ကျား ယူနီဖောင်း အစား ကာကီရောင်ပြောက်ကျား ယူနီဖောင်းများကို ဝတ်ဆင်အသုံးပြုခဲ့သည်။

(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ - Wild Bird)
(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ – Wild Bird)

” အဲဒါက အရင်တပ်မှူးအစည်းအဝေးမှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သူတို့ အဲဒါကို လုပ်ထားပြီးပြီ။ အဲဒီ ဒီဇိုင်းကို။ အဲဒီ အစည်းအဝေးမှာ သူတို့ အတည်ပြုလိုက်တာ အတည်ပြုပြီး ဒါကို အကောင်အထည်ဖော်ဖို့။ ဒီအာဇာနည်နေ့မှာ သူတို့ တပ်ဆင်ထားတဲ့သဘောပေါ့။ အရောင်ကတော့ အမျိုးမျိုးရှိမှာပဲ။ ဒါပေမဲ့ အဲဒီ ကော်သူးလေ အာမီ က ရင်ဘတ်မှာ တပ်ထားတဲ့သဘောပေါ့”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ယူနီဖောင်းနှင့်ပတ်သက်ပြီး တစ်သတ်မတ်တည်း သတ်မှတ်ချက်မရှိသေးဟုလည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တစ်ဖက်တွင်လည်း KNDO စစ်ဦးစီးချုပ် ရာထူးတာဝန်မှ ရပ်ဆိုင်းခြင်းခံထားရသည့် ဗိုလ်မှူးချုပ်စောနယ်ဒါးမြသည် ယခုနှစ် ဇူလိုင် ၁၉ရက်တွင် ၎င်းစစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီး ကော်သူးလေတပ်မတော် ဖွဲ့စည်းကြေညာခဲ့သည်။

ယင်းသို့ ဆောင်ရွက်ချက်နှင့်ပတ်သက်၍ KNLA ဗဟိုစစ်ဦးစီးဌာနချုပ်က ဇူလိုင် ၂၀ရက်တွင် သဘောထား ထုတ်ပြန်ရှင်းလင်းရာ စောနယ်ဒါးမြ ဖွဲ့စည်းလိုက်သည့် ကော်သူးလေတပမတော်သည် ကျိုးကြောင်းဆီလျော်မှု မရှိဘဲ ထွက်ပေါ်လာသည့် အတွက် KNLAနှင့် KNDO အနေဖြင့် လုံး၀ ယုံကြည် လက်ခံမှု မပြုနိုင်ကြောင်း အသိပေးခဲ့သည်။

(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ - Wild Bird)
(ဩဂုတ် ၁၂ရက်က ကျင်းပခဲ့သည့် KNLA တပ်မဟာ (၅) ၏ကရင့်အာဇာနည်နေ့ အခမ်းအနားအားတွင် KNLA ဒုတိယစစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်များက ​ကော်သူးလေတပ်မ​တော်ရင်ဘတ်တံဆိပ်စတင်တပ်ဆင်ခဲ့ကြသည်။ဓာတ်ပုံ – Wild Bird)

ကော်သူးလေ တပ်မတော်သည် ၁၉၄၉ ဇန်နဝါရီ ၃၁ရက်တွင် စတင်ခဲ့သည့် ကရင့်တော်လှန်ရေး၏ နိုင်ငံရေး၊ စစ်ရေးလိုအပ်ချက်အရ ကရင့်လက်နက်ကိုင်အဖွဲ့များအားလုံးကို ပေါင်းစည်းပြီး ၁၉၅၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ကြောင်း KNLAက ရှင်းပြခဲ့ပြီး ဇူလိုင် ၅ရက်ရောက်တိုင်း ကော်သူးလေတပ်မတော်နေ့ကို တရားဝင် နေ့ကြီးရက်မြတ်အဖြစ် ဂုဏ်ပြုကျင်းပမြဲဖြစ်သည်ဟု ဖော်ပြသည်။

စောနယ်ဒါးမြက ကော်သူးလေတပ်မတော် ဖွဲ့စည်းခြင်းသည် KNLA/KNDO ခေါင်းဆောင်တပ်မှူးများ၏ အရေးပေါ် အစည်းအဝေး ဆုံးဖြတ်ချက်ကို ဆန့်ကျင်ပြီး တပ်မတော်အတွင်း ထင်ယောင်ထင်မှား ဖြစ်စေရန် တမင် တကာ ဖန်တီးဖွဲ့စည်းခြင်းဖြစ်ပြီး KNLA/KNDO သဘောထား မဟုတ်ဟု ထုတ်ပြန်သည်။

KNU နယ်မြေအတွင်းရှိ ကရင့်လက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစ်ခုတည်းသော တပ်မတော် ဖြစ်ပေါ်နိုင်ရေးအတွက် တပ်မတော် တပ်ဖွဲ့ဝင်များ၏ စစ်ဝတ်စုံရင်ဘတ်အိတ်ဖုံးအပေါ်တွင် ကော်သးလေတပ်မတော် တံဆိပ်အမှတ်အသားကို တူညီဝတ်စုံအဖြစ် ဦးစွာ တပ်ဆင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း၊ KNLA/KNDO တပ်မှူး တပ်ဗိုလ်များ၏ အစည်းအဝေး ဆုံးဖြတ်ချက်ကို အသိပေးခဲ့သည်။

ထိုသို့ ဆုံးဖြတ်ထားသည့် အခြေအနေတွင် စောနယ်ဒါးမြက လက်ဦးမှုရယူပြီး ကော်သူးလေတပ်မတော်ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ကော်သူးလေ ရင်ဘတ်တံဆိပ်ကို တပ်မဟာ(၅)သာမက ကျန်သည့် တပ်မဟာများ၌ လည်း တပ်ဆင်အသုံးပြုသွားရန်ရှိသည်ဟု KNU သတင်းရင်းမြစ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

တိုက်ပွဲဝင်ရဲဘော်တွေနဲ့ အားပေးကူညီသူတွေကို KNU မြိတ်ထားဝယ်ခရိုင်နဲ့ တပ်မဟာ(၄) ဂုဏ်ပြု

သတင်း

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်သား ၂ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မဟာမိတ်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံလာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ပိန်းဇလုပ် - သူဌေးကုန်းကြားက မီးရထားလမ်း ဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၉) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၅ဦးသေဆုံးခဲ့ပြီး လက်နက် ၅လက်သိမ်းရကြောင်း KNUက ထုတ်ပြန်ပါတယ်။