Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ် သဘော့ဆပ်ရွာမှ ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

“အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မပူးပေါင်းရန် တားမြစ်မှုများ များစွာရှိပြီးသော်လည်း ယခုအချိန်ထိ လုပ်ရပ်များမရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် ကျွန်တော်တို့ LLPDF မှ သုသင်ခြင်းဖြစ် သည်”ဟု အသိပေးသည်။

လောင်းလုံးနယ်
လောင်းလုံးနယ်

လောင်းလုံးမြို့နယ် သဘောဆိပ်ကျေးရွာမှ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံး(ပကဖ)က ယနေ့(သြဂုတ် ၁၅) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၂ နာရီ မိနစ်၄၀ခန့်က သဘော့ဆိပ် ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်မှ ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင် မောင်ထွေးဆိုသူကို ၎င်းနေထိုင်သည့်ရွာ၌ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မပူးပေါင်းရန် တားမြစ်မှုများ များစွာရှိပြီးသော်လည်း ယခုအချိန်ထိ လုပ်ရပ်များမရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် ကျွန်တော်တို့ LLPDF မှ သုသင်ခြင်းဖြစ် သည်”ဟု အသိပေးသည်။

ပျူစောထီး၊ သွေးသောက်အဖွဲ့ဝင် မောင်ထွေးသည် စစ်ကောင်စီတပ်များနှင့် အမြဲအတူနေသည့်အပြင် စစ်ကောင်စီတပ်များနှင့်အတူ လက်နက်ကိုင်၍ ကျေးရွာထဲသွားလာခြင်း၊ အပြစ်မဲ့ပြည်သူ့နေအိမ်များကို လက်ညှိုး ထိုးပြ၍ သတင်းပေးခြင်းတို့ လုပ်ဆောင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သတိပေးတားမြစ်နေသည့်ကြားမှ မောင်ထွေးကဲ့သို့ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်လက်ပါးစေများအဖြစ်တက်လက်လုပ်ကိုင်နေသူများအား အပြစ်ပေးအရေးယူသွားမည်ဟု ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။