Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးနယ် သဘော့ဆပ်ရွာမှ ပျူစောထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်း

“အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မပူးပေါင်းရန် တားမြစ်မှုများ များစွာရှိပြီးသော်လည်း ယခုအချိန်ထိ လုပ်ရပ်များမရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် ကျွန်တော်တို့ LLPDF မှ သုသင်ခြင်းဖြစ် သည်”ဟု အသိပေးသည်။

လောင်းလုံးနယ်
လောင်းလုံးနယ်

လောင်းလုံးမြို့နယ် သဘောဆိပ်ကျေးရွာမှ စစ်ကောင်စီလက်ကိုင်တုတ် ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင်တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း လောင်းလုံး(ပကဖ)က ယနေ့(သြဂုတ် ၁၅) ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၂ နာရီ မိနစ်၄၀ခန့်က သဘော့ဆိပ် ကျေးရွာ၊ အောင်ချမ်းသာရပ်ကွက်မှ ပျူစောထီးနှင့် သွေးသောက်အဖွဲ့ဝင် မောင်ထွေးဆိုသူကို ၎င်းနေထိုင်သည့်ရွာ၌ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

“အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် မပူးပေါင်းရန် တားမြစ်မှုများ များစွာရှိပြီးသော်လည်း ယခုအချိန်ထိ လုပ်ရပ်များမရပ်တန့်ဘဲ ဆက်လက်လုပ်ကိုင်နေသောကြောင့် ကျွန်တော်တို့ LLPDF မှ သုသင်ခြင်းဖြစ် သည်”ဟု အသိပေးသည်။

ပျူစောထီး၊ သွေးသောက်အဖွဲ့ဝင် မောင်ထွေးသည် စစ်ကောင်စီတပ်များနှင့် အမြဲအတူနေသည့်အပြင် စစ်ကောင်စီတပ်များနှင့်အတူ လက်နက်ကိုင်၍ ကျေးရွာထဲသွားလာခြင်း၊ အပြစ်မဲ့ပြည်သူ့နေအိမ်များကို လက်ညှိုး ထိုးပြ၍ သတင်းပေးခြင်းတို့ လုပ်ဆောင်သူတစ်ဦးဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

သတိပေးတားမြစ်နေသည့်ကြားမှ မောင်ထွေးကဲ့သို့ အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်း၏ထောက်တိုင်လက်ပါးစေများအဖြစ်တက်လက်လုပ်ကိုင်နေသူများအား အပြစ်ပေးအရေးယူသွားမည်ဟု ထပ်မံသတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်မှာ ကင်းပတ်ထွက်လာတဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဌာနက ဒီနေ့ အောက်တိုဘာ ၃၀ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အတွေးအမြင်

Tiktok အကောင့်တွေ ဖွင့်လိုက်တိုင်း ပျက်ပျက်သွားလို့ စိတ်အနှောင့်အယှက်ကြီးစွာ ကြုံနေရတဲ့ သင်္ကန်းဝတ် ပျူခေါင်းဆောင် ပေါက်ကိုယ်တော်ဟာ ဒီတခါမှာတော့ Tiktok အကောင့်ပျက်တာထက် ဆိုးရွားတဲ့ ခံစားမှုတစ်ခုကို ရရှိနေပုံရပါတယ်။ အဲဒါကတော့ မန္တလေးမှာ သောင်းကျန်းနေတဲ့ သူ့ရဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်ဆက်မသုံးဖို့ ပြင်းပြင်းထန်ထန် တားမြစ်လိုက်တာပါ။

သတင်း

မန္တလေးမြို့ပေါ်မှာ သောင်းကျန်းနေတဲ့ ပျူစောထီးတပည့်တွေကို သူ့နာမည်မသုံးဖို့ ပျူစောထီးခေါင်းဆောင် ပေါက်ကိုယ်တော်က တားမြစ်လိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။