Connect with us

Hi, what are you looking for?

သတင်း

မြန်မာခရီးစဉ်အတွင်း မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို တရားဝင်မှု ပေးသည့် အခြေအနေမျိုးရှောင်ရှားရန် GSCB တောင်းဆို

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့်အညီ ရပ်တည် လှုပ်ရှား ဆောင်ရွက်သွားရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အလေးအနက်တိုက်တွန်းသည်။

ဓာတ်ပုံ - UN Myanmar
ဓာတ်ပုံ - UN Myanmar

ကုလသမဂ္ဂအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း အကြမ်းဖက်စစ်တပ် ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ကောင်စီကို တရားဝင်မှု ပေးသည့် အခြေအနေမျိုးကို ရှောင်ရှားရန် GSCBက တောင်းဆိုလိုက်သည်။

ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာအနေဖြင့် မြန်မာပြည်သူလူထု၏ ဆန္ဒသဘောထားများနှင့်အညီ ရပ်တည် လှုပ်ရှား ဆောင်ရွက်သွားရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က အလေးအနက်တိုက်တွန်းသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်း ရပ်တန့်ရန်၊ အကြမ်းဖက် စစ်အုပ်စုက လေယာဉ်၊ လက်နက်ကြီးများအသုံးပြု၍ သာလွန် အင်အားဖြင့် ထိုးစစ်ဆင်နေမှုများကို ရပ်တန့်ရန်၊ ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားများ အားလုံး ခြွင်းချက်မရှိ ချက်ချင်း လွတ်မြောက်စေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် အမြန်ဆုံး၊ အထိ ရောက်ဆုံးစီမံဆောင်ရွက်ပေးရေး GSCB က တောင်းဆိုသည်။

ထို့အပြင် လိုအပ်နေသူအားလုံးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များကို အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ EROs မှတဆင့် အတားအဆီးမဲ့ ပံ့ပိုးကူညီနိုင်ရေး ကိစ္စများကို အလားတူတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ စ၍ မင်းအောင်လှိုင် ဦးဆောင်သော အာဏာသိမ်း စစ်တပ်သည် ပြည်သူလူထုတစ်ရပ်လုံး အပေါ် အကြမ်းဖက် ဖမ်းဆီးနှိပ်စက်မှုများ ဆက်တိုက် ပြုလုပ်ခြင်း၊ အမျိုးသမီးများအား မုဒိန်းကျင့် သတ်ဖြတ်ခြင်း၊ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း၊ သာလွန်အင်အားများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သည်မှာ ပိုမို ဆိုးဝါးလာသည့် အခြေအနေတွင် ရှိကြောင်း GSCB က ထုတ်ပြန်သည်။

အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန် အာဆီယံ၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရများက ဝိုင်းဝန်း တိုက်တွန်းနေသည့်ကြားမှပင် လျစ်လျူရှု စော်ကား၍ စစ်အုပ်စုသည် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ နိုင်ငံသားအချို့ကို တရားမဝင် ထောင်တွင်း ကြိုးပေး ကွပ်မျက်မှုများနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို မတရား ထောင်ဒဏ်များ ထပ်မံ တိုးမြှင့် ချထားခြင်းများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အမှတ်တရ နှင်းဆီလှုပ်ရှားမှုကို စစ်တပ်ဘက်က မတရားဖမ်းဆီး အရေးယူမှုတွေလုပ်ဖို့ ပြင်ဆင်နေတာကြောင့် လုံခြုံရေး သတိပြုကြဖို့ အထွေထွေသပိတ်ပေါင်းစပ်ညှိုနှိုင်းရေး အင်အားစု (GSCB) ကအသိပေးထားပါတယ်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။