Connect with us

Hi, what are you looking for?

သတင်း

ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုတွေဖြစ်

ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်က ရတနာပုံတံတားရဲ့ စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီးမှာအပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့အနီးပတ်ဝန်းကျင်မှာနေကြတဲ့ ဒေသခံအချို့က People’s Spring ကိုပြောကြပါတယ်။

အဆက်မပြတ်ပစ်ခတ်သံတွေကို ကြားခဲ့ရတာလို့ ဒေသခံတွေဆိုပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ခရီးသည်တင် ကားတစ်စီးကို စစ်ဆေးချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သတင်းတွေထွက်နေပေမယ့် People’s Spring အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ရတနာပုံတံတားဟာ ဧရာဝတီမြစ်ကူးတံတားဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်း ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။