Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီစစ်ဆေးရေးဂိတ်အနီး ပစ်ခတ်မှုတွေဖြစ်

ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။

(ပုံဟောင်း)
(ပုံဟောင်း)

ဒီနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်က ရတနာပုံတံတားရဲ့ စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ် အနီးမှာအပြန်အလှန်ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့အနီးပတ်ဝန်းကျင်မှာနေကြတဲ့ ဒေသခံအချို့က People’s Spring ကိုပြောကြပါတယ်။

အဆက်မပြတ်ပစ်ခတ်သံတွေကို ကြားခဲ့ရတာလို့ ဒေသခံတွေဆိုပါတယ်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကနေ ခရီးသည်တင် ကားတစ်စီးကို စစ်ဆေးချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တာလို့ သတင်းတွေထွက်နေပေမယ့် People’s Spring အနေနဲ့ သီးခြားအတည်ပြုလို့မရသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီးနောက် တံတားကို ပိတ်ပစ်လိုက်ပြီး မနက် ၉ နာရီဝန်းကျင်လောက်မှာ ပြန်လည်သွားလာခွင့်ပြုလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ရတနာပုံတံတားဟာ ဧရာဝတီမြစ်ကူးတံတားဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်း ကိုဆက်သွယ်ထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။