Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတပ်မတော်နေ့သို့ CRPH သဝဏ်လွှာပေးပို့

ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - KnIC
ဓာတ်ပုံ - KnIC

ယနေ့ကျရောက်သော ၇၄ နှစ်မြောက် ကရင်နီတပ်မတော်နေ့သို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က သဝဏ်လွှာပေးပို့သည်။

၇၄ နှစ်မြောက်ကရင်နီတပ်မတော်နေ့ အချိန်အခါသမယတွင် ကရင်နီတစ်မျိုးသားလုံး၏ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ တန်းတူညီမျှမှု၊ တရားမျှတမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်စသည့် ကရင်နီတပ်မတော်၏ ရည်မှန်းချက်များ အမြန်ဆုံးအကောင် အထည် ဖော်ဆောင်ရွက်နိုင်ပါစေကြောင်း CRPH က ဆုတောင်းဆန္ဒပြုသည်။

ခေတ်အဆက်ဆက် တော်လှန်ရေးတိုက်ပွဲများတွင်ကျဆုံးသွားခဲ့ကြသည့် ကရင်နီခေါင်းဆောင်ကြီးများနှင့် တော်လှန်ရေးသူရဲကောင်းရဲဘော်အပေါင်းတို့အား ပြည်ထောင်စု၏ သူရဲကောင်းများအဖြစ် လေးစားစွာဂုဏ်ပြုဦးညွှတ် အလေးပြုကြောင်း ဖော်ပြသည်။

ထို့အပြင် အာဏာသိမ်းပြီးနောက် အကြမ်းဖက် ဖက်ဆစ်စစ်တပ်၏ လူမဆန်သောသတ်ဖြတ်ဖိနှိပ်မှုများကြောင့် အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ဆုံးရှုံးခဲ့ကြသည့် ကရင်နီတိုင်းရင်းသားများအတွက် များစွာစိတ်မကောင်းဖြစ်ရကြောင်းလည်း CRPH က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဖိနှိပ်မှုမျိုးစုံဖြင့်ရင်ဆိုင်ကြုံတွေ့နေရသည့်တိုင် အကြမ်းဖက်စစ်အာဏာရှင်များကို ရဲဝံ့စွာဆန့်ကျင်တော်လှန်လျက်ရှိသည့် ကရင်နီ တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ တိုင်းရင်းသားလူမျိုးစုအားလုံး မျှော်လင့်တောင့်တနေကြသည့် ကောင်းမွန်သောနိုင်ငံနှင့် လူထုအနာဂတ်ဘဝကို လှပစွာဖန်တီးပေးနိုင်မည့် တန်းတူညီမျှသည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်အမြန်ဆုံးတည်ဆောက်သွားနိုင်ရေးအတွက် ခိုင်မာစွာရပ်တည်ကာ လက်တွဲကြိုးပမ်းသွားမည်ဟု CRPH က ကတိပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။