Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတပ်မတော်နေ့ အခမ်းအနား KNPP ထိန်းချုပ်နယ်မြေ၌ ကျင်းပ

ကရင်နီ အမျိုးသားများ၏ တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောသည့် လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေဟု ဖော်ပြထားသည်။

ဓာတ်ပုံ - KnIC
ဓာတ်ပုံ - KnIC

ကရင်နီတပ်မတော်(KA)နေ့ အခမ်းအနားကို ယနေ့(ဩဂုတ် ၁၇ရက်) နံနက်ပိုင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေ တလဲဒူဆို(ညာမို)ဒေသ၌ ကျင်းပခဲ့သည်။

ကရင်နီအမျိုးသားထုတစ်ရပ်လုံး၏ အချုပ်အခြာ အာဏာနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်၊ အခွင့်အရေး များကို ပြန်လည်ရရှိနိုင်ရန် ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ရေး စတင်ရန် ကရင်နီတပ်မတော် ကို ဖွဲ့စည်းခဲ့သည်မှာ ယနေ့တွင် (၇၄)နှစ် ရှိပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အခမ်းအနားသို့ KNPPက သဝဏ်လွှာပေးပို့ခဲ့ရာ နှစ်ပေါင်း (၇၄)နှစ်အတွင်း ခေါင်းဆောင် များ၊ တပ်ဗိုလ်များ၊တပ်မှူး၊တပ်သားများ၊ကရင်နီလူမျိုးများစွာ လူမျိုးအတွက် တိုင်းပြည်အတွက် အသက်သွေးများ ပေးဆပ်ခဲ့ရကြောင်း၊ အမျိုးသားရေး အတွက်အသက်ပေးဆပ်သွားခဲ့ရသည့် အာဇာနည်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများနှင့် ပြည်သူလူထုအတွက် သမိုင်းကြွေးများ ကျန်ရစ်နေကြောင်း ဖော်ပြထားသည်။

သမိုင်းပေးတာဝန်များ မပြီးဆုံးမချင်း ဆက်လက်တိုက်ပွဲဝင်နေရအုံးမည် ဖြစ်ကြောင်း KNPP၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

“ယနေ့ ဆင်နွှဲနေတဲ့ ခုခံတော်လှန်ရေးဟာ ကရင်နီ တစ်မျိုးသားလုံးရဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသားဂုဏ်သိက္ခာတွေကို ဖော်ထုတ်ဖို့ အပြင် မဟာစစ်ဝါဒီတွေရဲ့ မတရားတဲ့ ကျူးကျော်စစ်ကို ပြန်လည် တွန်းလှန်ခုခံတော်လှန်နေတဲ့တရားမျှတသော လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်”ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ကရင်နီ အမျိုးသားများ၏ တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောသည့် လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီတော်လှန်ရေးအင်အားစုတွေအကြား အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ညှိနှိုင်းဆောင်ရွက်မှုနဲ့ စုပေါင်းခေါင်းဆောင်မှုကို ပိုမိုခိုင်မာစေဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို တော်လှန်နေတဲ့ ကရင်နီတပ်မတော်(KA)ရဲ့ အခြေခံစစ်သင်တန်း အပတ်စဥ် (၇၇) သင်တန်းဆင်းပွဲကို ဒီကနေ့ မေလ ၁၉ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီအမျိုးသားရေးနဲ့တော်လှန်ရေးအတွက် ဘဝသက်တမ်းတစ်လျှောက်လုံးပါဝင်ခဲ့တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) အမြဲတမ်းဗဟိုကော်မတီဝင် ခွန်းရီမာန်ထူးဟာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။