Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီတပ်မတော်နေ့ အခမ်းအနား KNPP ထိန်းချုပ်နယ်မြေ၌ ကျင်းပ

ကရင်နီ အမျိုးသားများ၏ တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောသည့် လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေဟု ဖော်ပြထားသည်။

ဓာတ်ပုံ - KnIC
ဓာတ်ပုံ - KnIC

ကရင်နီတပ်မတော်(KA)နေ့ အခမ်းအနားကို ယနေ့(ဩဂုတ် ၁၇ရက်) နံနက်ပိုင်းက ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေ တလဲဒူဆို(ညာမို)ဒေသ၌ ကျင်းပခဲ့သည်။

ကရင်နီအမျိုးသားထုတစ်ရပ်လုံး၏ အချုပ်အခြာ အာဏာနှင့် ကိုယ်ပိုင်ပြဌာန်း ခွင့်၊ အခွင့်အရေး များကို ပြန်လည်ရရှိနိုင်ရန် ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်ရေး စတင်ရန် ကရင်နီတပ်မတော် ကို ဖွဲ့စည်းခဲ့သည်မှာ ယနေ့တွင် (၇၄)နှစ် ရှိပြီဖြစ်သည်ဟု ဆိုသည်။

အဆိုပါ အခမ်းအနားသို့ KNPPက သဝဏ်လွှာပေးပို့ခဲ့ရာ နှစ်ပေါင်း (၇၄)နှစ်အတွင်း ခေါင်းဆောင် များ၊ တပ်ဗိုလ်များ၊တပ်မှူး၊တပ်သားများ၊ကရင်နီလူမျိုးများစွာ လူမျိုးအတွက် တိုင်းပြည်အတွက် အသက်သွေးများ ပေးဆပ်ခဲ့ရကြောင်း၊ အမျိုးသားရေး အတွက်အသက်ပေးဆပ်သွားခဲ့ရသည့် အာဇာနည်ခေါင်းဆောင်များ၊ တော်လှန်ရေးသမားများနှင့် ပြည်သူလူထုအတွက် သမိုင်းကြွေးများ ကျန်ရစ်နေကြောင်း ဖော်ပြထားသည်။

သမိုင်းပေးတာဝန်များ မပြီးဆုံးမချင်း ဆက်လက်တိုက်ပွဲဝင်နေရအုံးမည် ဖြစ်ကြောင်း KNPP၏ သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

“ယနေ့ ဆင်နွှဲနေတဲ့ ခုခံတော်လှန်ရေးဟာ ကရင်နီ တစ်မျိုးသားလုံးရဲ့ ပျောက်ဆုံးနေတဲ့ အမျိုးသားဂုဏ်သိက္ခာတွေကို ဖော်ထုတ်ဖို့ အပြင် မဟာစစ်ဝါဒီတွေရဲ့ မတရားတဲ့ ကျူးကျော်စစ်ကို ပြန်လည် တွန်းလှန်ခုခံတော်လှန်နေတဲ့တရားမျှတသော လက်နက်ကိုင်တော်လှန်ရေး ဖြစ်တယ်”ဟု သဝဏ်လွှာ၌ ရေးသားထားသည်။

ကရင်နီ အမျိုးသားများ၏ တရားသောစစ်ကို ဆက်လက်ဆင်နွှဲရင်း ငြိမ်းချမ်းသာယာ၀ပြောသည့် လူဘောင်သစ်တစ်ရပ်ကို အမြန်ဆုံး ပြန်လည် အကောင်အထည်ဖော်နိုင်ကြပါစေဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။

သတင်း

ရှားတော မြို့သိမ်းတိုက်ပွဲ၌ စစ်ကောင်စီဘက်က စစ်ကူပေးရန် ၂ကြိမ်ကြိုးစားခဲ့သည်ဟုလည်းပြောပြသည်။