Connect with us

Hi, what are you looking for?

သတင်း

မုန့်ဟင်းခါးစားနေသည့် ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်ရာအိမ်မှူး ပစ်သတ်ခံရ

ရာအိမ်မှူးဝင်းဇော်မှာ ယနေ့(သြဂုတ် ၁၉ ရက်)၊ နံနက် ၇နာရီခန့်က ရွှေပြည်သာမြို့နယ် နီလာစျေးအနီးရှိ မုန့်ဟင်းခါးဆိုင်၌ ဇနီးဖြစ်သူနှင့်အတူ ထိုင်စားနေစဥ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် ထ/၁၆ ရပ်ကွက်ရာအိမ်မှူး မုန့်ဟင်းခါးစားနေစဥ် သေနတ်ဖြင့် ကိုးချက်ထက်မနည်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ရာအိမ်မှူးဝင်းဇော်မှာ ယနေ့(သြဂုတ် ၁၉ ရက်)၊ နံနက် ၇နာရီခန့်က ရွှေပြည်သာမြို့နယ် နီလာစျေးအနီးရှိ မုန့်ဟင်းခါးဆိုင်၌ ဇနီးဖြစ်သူနှင့်အတူ ထိုင်စားနေစဥ် ပစ်သတ်ခံရခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ထ/၁၆ ရပ်ကွက်က ။စစ်တပ်က သူ့အဖေ လို့ သတ်မှတ်ထားတဲ့ကောင်။ဖအေတွေ အာဏာသိမ်းပြီးတဲ့နောက်အမြဲတမ်း ရပ်ကွက်ထဲ ဆရာကြီးလုပ်နေတဲ့ကောင်”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

ရှင်းလင်းခံရသည့် ရာအိမ်မှူး ဝင်းဇော်၏ ခန္ဓာကိုယ်တွင် စုစုပေါင်း ကျည်ထိဒဏ်ရာ ကိုးချက် အထိ ရှိခဲ့ကြောင်းလည်း ဒေသခံများက ဆိုသည်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်စဉ်အပြီး စစ်ကောင်စီတပ်က လှော်ကားဘုရားလေး မှတ်တိုင်အား ပိတ်ဆို့ခဲ့​ပြီး ဈေးအတွင်းတွင်လည်း စစ်ကားသုံးစီးခန့် ရောက်ရှိလာ၍ ဈေးဆိုင်များလည်းပိတ်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ် SPT Information က အသိပေးသည်။

မည်သည့်အဖွဲ့က လာရောက်ပစ်ခတ်ရှင်းလင်းသည်ကို မသိရသေးပေ။

သြဂုတ် ၈ ရက်ကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက် ရာအိမ်မှူးကိုလည်း ရှင်းလင်းခဲ့ကြောင်း Wolves အဖွဲ့ က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ ဒုရဲမှူးတစ်ဦးကို စစ်တပ်က သေနတ်နဲ့ ပစ်သတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ဖို့ ကြိုးစားနေတယ်လို့ ရေဦးမြို့အဝင်က စစ်ကောင်စီရဲ့ကြာပန်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူက ပြောပါတယ်။

သတင်း

ဖားကန့်၊လုံးခင်းကျေးရွာအုပ်စုထဲမှာတိုက်ပွဲဖြစ်ပွားနေချိန် ပိတ်မိနေတဲ့အရပ်သားတွေထဲက ၂ ဦးကို အာဏာသိမ်းစစ်တပ်ကပစ်သတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က ထနောင်းတောကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံလူငယ် ၂ဦးကို ပစ်သတ်ကာ နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း မုံရွာမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်က အထည်ချုပ်စက်ရုံမီးလောင်မှုကို ၁၀နာရီကျော်ကြာတဲ့အထိ ငြှိမ်းသတ်နေရဆဲဖြစ်ပြီး ညဘက်ရောက်လာတာကြောင့် မီးဆလိုက်တွေထိုးကာ ငြှိမ်းသတ်နေရတယ်လို့ လူမှုကူညီရေးအသင်းတွေက အသိပေးထားပါတယ်။