Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သားနှစ်ဦး လက်နက်သုံးလက်ဖြင့် KNDOအဖွဲ့ထံ အလင်းဝင်

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်

လက်နက်သုံးလက်ဖြင့် CDM ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား နှစ်ဦးအား KNDOအဖွဲ့ မှ ကြိုဆိုဂုဏ်ပြုချီးမြင့်ခဲ့ကြောင်း ပြည်သူ့ပန်းတိုင် က ယနေ့(သြဂုတ် ၂၁ ရက်) ထုတ်ပြန်သည်။

CDM တပ်သားနှစ်ဦးသည် ကရင်ပြည်နယ် မြဝတီ-ဝေါ်လေဒေသတလျှောက် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်မှ တပ်သားနှစ်ဦးဖြစ်ပြီး စအရ (၉၀၄) အင်ဂျင် နီယာတပ်မှ တပ်သား အောင်အောင် နှင့် ခလရ (၂၇၅) ခြေလျင်တပ်မှ တပ်သား အာကာမင်း တို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် အမ်အေ-၁ (၂) လက်၊ အမ်အေ-၃ (၁) လက်၊ ခဲယမ်းကျည် အမြောက်အများနှင့်အတူ ဇူလိုင်အတွင်း KNDO သို့ ဆက်သွယ် ပူးပေါင်း ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဓာတ်ပုံ - ပြည်သူ့ပန်းတိုင်
ဓာတ်ပုံ – ပြည်သူ့ပန်းတိုင်

“စစ်တပ်ရဲ့ လုပ်ရပ်တွေကို မကြိုက်တာကြာခဲ့ပါပြီ။ စစ်တပ်အကြီးအကဲတွေဟာ သူတို့ အာဏာ အကျိုးစီးပွားအတွက် ကျွန်တော်တို့ကို အသုံးချ ချနင်းနေတယ်။ ပြည်သူတွေကို သတ်ဖြတ်တယ်၊ ကျေးရွာတွေကို မီးရှို့တယ်ဆိုကတည်း က စစ်သားယူနီဖောင်းဝတ်ထားတဲ့ မိမိကိုယ်မိမိ လိပ်ပြာမလုံခဲ့ပါဘူး။အကြိမ်ကြိမ် CDM လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် မိသားစုတွေအတွက် စိုးရိမ်ပူနေရတာတွေ၊ အခွင့်အရေးမသာခဲ့တာတွေ၊ ဘယ်လိုချိတ်ဆက်ဆောင်ရွက်ရမယ်ဆိုတာကို မသိတာတွေကြောင့် CDM လုပ်ဖို့ နှောင့်နေးခဲ့ရပါတယ်”ဟု CDM တပ်သားများက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုတွင်မှု မိသားစုကို စွန့်ပစ်ပြီး တော်လှန်ရေးပြီးမြောက်ရန် ပြည်သူဘက်က ဝိုင်းဝန်းပူးပေါင်း ရပ်တည်မည်ဟု ဆုံးဖြတ်၍ CDM ပြုလုပ်ခဲ့ခြင်းဟု ၎င်းတို့က ဆိုသည်။

လက်နက်များနှင့်အတူ CDM ဝင်ရောက် ပူးပေါင်းလာသည့် တပ်သား နှစ်ဦးအား KNDO မှ နွေးထွေးစွာကြိုဆို ဂုဏ်ပြုခဲ့ခြင်းနှင့်အတူ NUG အစိုးရမှ ထောက်ပံ့ပေးသည့် ဂုဏ်ပြုငွေများအား ချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာကိုယ်ကျိုးအတွက် လက်အောက်ကို အမျိုးမျိုး ချနင်းအသုံးချနေခြင်း၊ မိသားစုများနှင့် အချိန်ကြာမြင့်စွာ ခွဲခွာပြီး ရှေ့တန်းထွက်နေရခြင်းများနှင့် စစ်ဆင်ရေး အနားမရခြင်းများကြောင့် စစ်ကောင်စီတပ်အတွင်း မင်းအောင် လှိုင် နှင့် စစ်ဗိုလ်ချုပ်များအပေါ် မကျေနပ်မှုများ တိုးပွားလာနေကြောင်း ပြည်သူ့ပန်းတိုင်က အသိပေးသည်။

အလားတူ ကရင်ပြည်နယ်အတွင်း စစ်ဆင်ရေးလုပ်နေသည့် စစ်ကောင်စီတပ်များမှ တပ်သားအများအပြားသည် ရှေ့တန်းနေရာများတဆင့် တော်လှန်ရေးတပ်ဖွဲ့များထံသို့ နည်းလမ်းမျိုးစုံနှင့် ဆက်သွယ်ဝင်ရောက် ခိုလှုံမှုများ ပိုမိုများပြားလာသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှ စွန့်ခွာ၍ CDM ပြုလုပ်ကာ ပြည်သူနှင့် အတူရပ်တည်ချင်သည့် အရာရှိ/စစ်သည်များအနေဖြင့် ပြည်သူ့ပန်းတိုင်အဖွဲ့၏ Telegram https://t.me/PeopleGoal သို့ ချိတ်ဆက်မေးမြန်း၍ လိုအပ်သည့် အကူအညီ ရယူနိုင်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။