Connect with us

Hi, what are you looking for?

သတင်း

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ
ညောင်ဖြူပင်ရဲစခန်း တိုက်ခိုက်ခံရမှု ရဲစခန်းမှူးသေ

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ မုံရွာမြို့နယ် ညောင်ဖြူပင်ရဲစခန်းတိုက်ခိုက်မှုတွင် ရဲစခန်းမှူးသေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များက People’s Spring သို့ အတည်ပြုသည်။

“​သေသွားတဲ့ စခန်းမှူးက ရဲအုပ်အောင်မျိုး။ ရင်ဘတ်ကျည် သုံးချက် မှန်တာ။နောက်ထပ် ရဲနှစ်ယောက်လည်း အခြေအနေမကောင်းဘူးလို့ သိရတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ရဲစခန်းတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၃၀ခန့် ဖြင့် လာရောက်ပူးပေါင်းနေကြောင်းလည်း ၎င်းက ဆိုသည်။

“ကားနဲ့ကို စခန်းရှေ့ကနေ တည်ပစ်သွားတာ။ အခု ကြားရာတာတော့ စခ တွေဘက်က စခန်းမှူး ဆိုတဲ့ကောင်ပါသေ သွားတာ”ဟု People’s Spring၏ သီးခြားသတင်းရင်းမြစ်က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ယနေ့(သြဂုတ်၂၁ ရက်)၊နေ့လည် ၁၁ နာရီ ၄၈ မိနစ်ခန့်က ညောင်ဖြူပင်ရဲစခန်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (ဆားလင်းကြီး)မှ Aung San Force အဖွဲ့နှင့် ပူးပေါင်း၍ မစ်ရှင်လုပ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အနီးကပ်ပစ်ခတ်မှုကြောင့် ရဲစခန်းအတွင်းမှ စစ်ကောင်စီတပ်သားနှင့်ရဲ ငါးဦးကို ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါ မစ်ရှစ်တွင် ဆားလင်းကြီးအခြေစိုက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) မှ ပြည်သူ့ရဲဘော် နှစ်ဦးထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့ပြီး ကျည်ဘောက် ၃ခုကျကျန်ဆုံးရှုံးခဲ့ကြောင်း အသိပေးသည်။

ဗိုလ်နဂါးဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အနေဖြင့် ပုလဲ၊ ယင်းမာပင်၊ ဆားလင်း၊ ကနီ နှင့်ပေါက် စသည့်မြို့နယ်များထိ စစ်ရေးလှုပ်ရှားလျက်ရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊နတ်မောက်နဲ့ မြို့သစ်လမ်းပိုင်းမှာ နတ်မောက်မြို့ရဲစခန်းမှူးလိုက်ပါလာတဲ့ ကား ပစ်ခတ်ခံရပြီး စခန်းမှူး သေဆုံးသွားတယ်လို့ နေပြည်တော်တိုင်းစစ်ဌာန အမှတ်(၉၀၂)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

ဆောင်းပါး

အခုရက်ပိုင်း Tiktok မှာ နာမည်ကြီးပြီး လူဆော့များနေတဲ့ သီချင်းတစ်ပုဒ်ရှိပါတယ်။ "အမေမွေးကတည်းက ငါကံကောင်းတယ်။ ငွေကြေးအတွက်တော့ မပူရဘူးကွယ်"ဆိုတဲ့ သီချင်းပါ။