Connect with us

Hi, what are you looking for?

သတင်း

ဖရူဆိုနယ်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးတော် ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း လွိုင်ကော် PDFက ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။

ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာ အနီးသို့ ယမန်နေ့က စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နှင့်အတူကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်​ရေးတပ် KNDF ၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ – လွိုင်ကော် PDF

ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီးတိကျသော အရေအတွက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ – လွိုင်ကော် PDF

ဒဏ်ရာပြင်းထန်မှုရှိပြီး ယခုအခါတွင် စနစ်တကျဆေးကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီဒေသတွင် စစ်ကောင်စီတပ်က အင်အား တိုးမြှင့်၍ စစ်ကြောင်းများထိုးနေပြီး အထူးသဖြင့် ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။