Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖရူဆိုနယ်သို့စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ထီးတော် ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာအနီး စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း လွိုင်ကော် PDFက ယနေ့(သြဂုတ် ၂၂ ရက်) ထုတ်ပြန်သည်။

ထီးတော်ကူးရွာ နှင့် ထီးပေါ်ဆိုကျေးရွာ အနီးသို့ ယမန်နေ့က စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို လွိုင်ကော် PDF နှင့်အတူကရင်နီတပ်မတော်(KA) ၊ ကရင်နီအမျိုးသားများ ကာကွယ်​ရေးတပ် KNDF ၊ အလယ်ပိုင်းဒေသ အထူးစစ်ဆင်ရေးအဖွဲ့ နှင့် အလယ်ပိုင်းတိုင်း တပ်ရင်း (၁၁၀၁)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ – လွိုင်ကော် PDF

ညနေပိုင်းအချိန်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဖက်မှ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့ပြီးတိကျသော အရေအတွက်များကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

မဟာမိတ်တပ်များမှလည်း ထိခိုက်ဒဏ်ရာရရှိမှု အချို့ရှိခဲ့ပြီး လွိုင်ကော် PDF မှ ရဲဘော်နှစ်ဦး ဒဏ်ရာ ရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ - လွိုင်ကော် PDF
စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်နေစဉ်၊ဓာတ်ပုံ – လွိုင်ကော် PDF

ဒဏ်ရာပြင်းထန်မှုရှိပြီး ယခုအခါတွင် စနစ်တကျဆေးကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကရင်နီဒေသတွင် စစ်ကောင်စီတပ်က အင်အား တိုးမြှင့်၍ စစ်ကြောင်းများထိုးနေပြီး အထူးသဖြင့် ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တို့တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။