Connect with us

Hi, what are you looking for?

သတင်း

ပုလော PDF တပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း(၁) အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၁)သင်တန်းဆင်း

အဆိုပါသင်တန်းဆင်းပွဲကို သြဂုတ် ၂၁ရက် နေ့ လယ် ၂ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။

ပုလော PDF တပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း(၁) အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၁)သင်တန်းဆင်း
ပုလော PDF တပ်ဖွဲ့ မြိတ်ခရိုင် တပ်ရင်း(၁) အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၁)သင်တန်းဆင်း

ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)၏ အထူးတိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၁)သင်တန်းဆင်းပွဲကို ယမန်နေ့က ကျင်းပခဲ့ကြောင်း ယနေ့ (သြဂုတ် ၂၂ရက်) ထုတ်ပြန်သည်။

အဆိုပါသင်တန်းဆင်းပွဲကို သြဂုတ် ၂၁ရက် နေ့ လယ် ၂ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းဆင်းပွဲသို့ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က သဝဏ်လွှာပေးပို့ခဲ့ကြောင်း ဖော်ပြသည်။

“အထူးတပ်သားအနေနဲ့ တစ်လတိတိ သင်တန်းပေးတာပါ။ အခြေခံရှိပြီးသား ရဲဘော်တွေကိုပဲပေးတာ။ အခြေခံစစ်သင်တန်းတွေကျ ၄၅ ရက် ဗျ”ဟု ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရဲဘော်တစ်ဦးက ပြောသည်။

အထက်ပါ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲတွင် ကာ ကွယ်ရေးဝန်ကြီးပေးပို့သော သဝဏ် လွှာအား ဖတ်ကြားခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ အလံ တော်နမ်းခြင်းနှင့် သစ္စာရေသောက်ခြင်း၊ ထူးချွန်သင်တန်းသားများအား ဆုချီးမြှင့်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။