Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းက မန္တလေးမှာ ခိုလှုံနေတဲ့ အိမ် တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ
အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတွေမှာ ဦးဆောင်လို့ ကျောင်းဆရာမ ကို ထောင် ၅ နှစ်ချ

မန္တလေးစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာဦးဆောင်ပါဝင်ခဲ့တဲ့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ ရဲ့ဗဟိုကော်မတီဝင် ဆရာမဒေါ်သက်ဆုလှိုင်ကို စစ်ကောင်စီကအကြမ်းဖက်ဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင်ဒဏ် ၅ နှစ် မျက်ကွယ်အမိန့်ချလိုက်တယ်လို့သိရပါတယ်။

သြဂုတ်လ ၁၇ ရက်က စွပ်စွဲခံရသူမပါဘဲ မျက်ကွယ်အမိန့်ချလိုက်တာလို့သိရပါတယ်။

ဆရာမ ဒေါ်သက်ဆုလှိုင်ဟာ ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၀ ရက် ညပိုင်းက မန္တလေးမှာ ခိုလှုံနေတဲ့ အိမ် တစ်လုံးမှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဲဒီနောက် အကြမ်းဖက်ပုဒ်မ ၅၂(က) ၊ဆူပူအောင်လှုံဆော်မှုရာဇသတ်ကြီးပုဒ်မ ၅၀၅(က)တို့နဲ့တရားစွဲဆိုခံရပြီး အိုဘိုထောင်ကိုပို့ဆောင်ခံလိုက်ရပါတယ်။

Public Service Announcement

Public Service Announcement

စွဲဆိုထားတဲ့ ပုဒ်မ ၂ ခုထဲက ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အတွက်အမိန့်မချသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။