Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်
မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

ဒီနေ့မနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ယဉ်ပျံရပ်မှာ သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးသွားသူ လင်မယားဟာ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီက ရဲမှူး လင်မယား မဟုတ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

သေဆုံးသွားတဲ့လင်မယားမှာ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ် ဦးစည်သူကိုကိုဖြစ်ပြီး အထည်ရောင်းတာကို လုပ်ကိုင်သူဖြစ်ကာ ဇနီးဖြစ်သူက အသက် ၃၈ နှစ်အရွယ်ရှိပြီး ဟိုတယ်ဝန်ထမ်းဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

အခင်းဖြစ်တဲ့နေရာကရုပ်အလောင်းတွေကို လူမှုကူညီရေးကားနဲ့ ဆေးရုံဆီ သယ်ဆောင်သွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ သပိတ်အင်အားစုမှ တော်လှန်ရဲဘော်တွေက ဦးဆောင်ပြီး တန်ဆောင်တိုင်ပံ့သကူ လှုပ်ရှားမှု ဒီကနေ့ (နိုဝင်ဘာ ၅) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မန္တလေးမြို့ ၊ချမ်းအေးသာစံ မြို့နယ် မှာ ငလျင်ဒဏ်သင့် တိုက်ကို ဖြိုချရာမှာ ဒီနေ့ မနက် (အောက်တိုဘာလ ၃၀ရက် ) ၉ နာရီဝန်းကျင်မှာ ပြိုကျမှုဖြစ်ပြီး ကလေးငယ်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

ဆောင်းပါး

စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ခဲ့တာ ၇ လပြည့်ခဲ့ပါပြီ။ အချိန်ကာလအားဖြင့် နှစ်ဝက်ကျော်ကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ မန္တလေးမြို့မှာတော့ ငလျင်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဟာ လုပ်ကိုင်နေရဆဲပါ။ လိုအပ်ချက်တွေလည်း အများကြီး ရှိနေဆဲပါ။

သတင်း

မန္တလေးမြို့မှာ ငလျင်ထိထားတဲ့တိုက်ဖြိုချရင်း ပြိုကျလို့ အမျိုးသားတဦး ပိမိပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရပါတယ်။