Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်
မန္တလေးမှာ သေနတ်နဲ့ပစ်သတ်ခံရသူ ၂ဦးဟာ ရဲမှူး လင်မယားမဟုတ်

ဒီနေ့မနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ယဉ်ပျံရပ်မှာ သေနတ်နဲ့ပစ်ခတ်ခံလို့ သေဆုံးသွားသူ လင်မယားဟာ စစ်ကောင်စီလက်အောက်ခံ စီအိုင်ဒီက ရဲမှူး လင်မယား မဟုတ်ကြောင်း ဒေသခံတွေဆီကသိရပါတယ်။

သေဆုံးသွားသူလင်မယားဟာ အရပ်သားတွေဖြစ်ပြီး ၁၀ နှစ်အရွယ်သမီးဖြစ်သူကို ဆိုင်ကယ်နဲ့ ကျောင်းပို့ပြီးအပြန်မှာ ပစ်ခတ်ခံရလို့ပွဲချင်းပြီးသေဆုံးသွားရတာပါ။

သေဆုံးသွားတဲ့လင်မယားမှာ အမျိုးသားဟာ အသက် ၄၃ နှစ်အရွယ် ဦးစည်သူကိုကိုဖြစ်ပြီး အထည်ရောင်းတာကို လုပ်ကိုင်သူဖြစ်ကာ ဇနီးဖြစ်သူက အသက် ၃၈ နှစ်အရွယ်ရှိပြီး ဟိုတယ်ဝန်ထမ်းဖြစ်တယ်လို့စုံစမ်းသိရပါတယ်။

အခင်းဖြစ်တဲ့နေရာကရုပ်အလောင်းတွေကို လူမှုကူညီရေးကားနဲ့ ဆေးရုံဆီ သယ်ဆောင်သွားတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။