Connect with us

Hi, what are you looking for?

သတင်း

ဝမ်းတွင်းတွင် ဇနီးဖြစ်သူအား ရိုက်နှက်သည်ဟုတိုင်ကြားခံရ၍ စစ်ကောင်စီတပ် ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ တစ်ရက်အကြာတွင် သေဆုံး

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်
ဝမ်းတွင်းမြို့နယ်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ဇနီးဖြစ်သူအားရိုက်နှက်နေသည်ဟု တိုင်ကြားခံရသည့် ​အမျိုးသားအား အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၂ ရက်က ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနေ မောင်စစ်ငြိမ်းဆိုသူအား မြို့နယ်ရဲစခန်းထံ တိုင်ကြားခံရ၍ စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီးတစ်ရက်အကြာ သြဂုတ် ၂၃ရက်တွင် ဖမ်းဆီးခံရသူ၏ ရုပ်အလောင်းအား စခန်းသို့ လာယူခိုင်းကြောင်း ဒေသခံများက ပြောသည်။

သဖန်းကျေးရွာ
သဖန်းကျေးရွာ

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ရန်လည်းမဖြစ်ဘူး။ ရိုက်လည်းမရိုက်ခဲ့ဘူး။ ရန်ဖြစ်လို့ ပတ်ဝန်းကျင်က ရဲစခန်းတိုင်တာလည်း မဟုတ်ဘူး။ သူ့မိန်းမက သူ့ကိုရိုက်နေပါတယ်ဆိုပြီး လိမ်တိုင်လို့ ည၂နာရီလောက်က ရိုက်နှက်ပြီးလာခေါ်သွားတာပါ။ ရိုက်နှက်ပြီး လက်လွန်လို့သေသွား​တာပါ။”ဟု ပြောသည်။

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်