Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် ဇနီးဖြစ်သူအား ရိုက်နှက်သည်ဟုတိုင်ကြားခံရ၍ စစ်ကောင်စီတပ် ၏ ရိုက်နှက်ဖမ်းဆီးခြင်းခံရသူ တစ်ရက်အကြာတွင် သေဆုံး

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝမ်းတွင်းမြို့နယ်
ဝမ်းတွင်းမြို့နယ်

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ဇနီးဖြစ်သူအားရိုက်နှက်နေသည်ဟု တိုင်ကြားခံရသည့် ​အမျိုးသားအား အကြမ်းဖက်စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၂၂ ရက်က ဝမ်းတွင်းမြို့နယ် သဖန်းကျေးရွာနေ မောင်စစ်ငြိမ်းဆိုသူအား မြို့နယ်ရဲစခန်းထံ တိုင်ကြားခံရ၍ စစ်ကောင်စီတပ်က လာရောက်ရိုက်နှက်ဖမ်းဆီးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံရပြီးတစ်ရက်အကြာ သြဂုတ် ၂၃ရက်တွင် ဖမ်းဆီးခံရသူ၏ ရုပ်အလောင်းအား စခန်းသို့ လာယူခိုင်းကြောင်း ဒေသခံများက ပြောသည်။

သဖန်းကျေးရွာ
သဖန်းကျေးရွာ

ထိုဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသခံတစ်ဦးက “ရန်လည်းမဖြစ်ဘူး။ ရိုက်လည်းမရိုက်ခဲ့ဘူး။ ရန်ဖြစ်လို့ ပတ်ဝန်းကျင်က ရဲစခန်းတိုင်တာလည်း မဟုတ်ဘူး။ သူ့မိန်းမက သူ့ကိုရိုက်နေပါတယ်ဆိုပြီး လိမ်တိုင်လို့ ည၂နာရီလောက်က ရိုက်နှက်ပြီးလာခေါ်သွားတာပါ။ ရိုက်နှက်ပြီး လက်လွန်လို့သေသွား​တာပါ။”ဟု ပြောသည်။

ဝမ်းတွင်းမြို့နယ်ရှိ စစ်ကောင်စီတပ်သားနှင့် ရဲများသည် လမ်းသွား၊ လမ်းလာပြည်သူများကိုလည်း အဓမ္မခြိမ်းခြောက်ငွေညှစ်မှုများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။