Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်နှင့် AA အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ဆက်လက်ဆိုးရွားနေဟု OCHA ထုတ်ပြန်

ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး)သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးထားကြောင်း OCHA က ဆိုသည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)
(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့အကြား တိုက်ပွဲပြင်းထန်နေမှုကြောင့် ရခိုင်ပြည်နယ် အတွင်း အခြေအနေများ ဆက်လက်ဆိုးရွားနေကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA)၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

“ဒီအစီရင်ခံစဉ်ကာလအတွင်းမှာပဲ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်တို့အကြား လက်နက်ကိုင်တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်အတွင်း အခြေအနေများ ဆက်လက်ဆိုးရွာနေဆဲဖြစ်ပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်မှာ လက်နက်ကြီးတွေအသုံးပြုပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်ကြောင်း သိရှိရပါတယ်” ဟု OCHA က ထုတ်ပြန်သည်။

စစ်ကောင်စီက လူသားချင်းစာနာထောက်ထားရေးအကူအညီများ ထောက်ပံ့နေသည့် အဖွဲ့များအား သွားလာခွင့် ကန့်သတ် ပိတ်ပင်ထားခြင်း၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ပိတ်ထားခြင်း ကြောင့် ရေရှည်တွင် စားနပ်ရိက္ခာ၊ ကျန်းမာရေး၊ နေထိုင်ရေး အထွေထွေအခက်အခဲများ ရှိလာနိုင်သည်ဟု AA က ထုတ်ပြန်ထားသည်။

ရသေ့တောင်မြို့နယ်အတွင်း အိမ်ထောင်စု ၁၀၀ ခန့် (လူဦးရေ ၃၆၄ ဦး)သည် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ဒေသခံမိတ်ဖက်အဖွဲ့အစည်းများက ကူညီပေးထားကြောင်း OCHA က ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ ဩဂုတ်လဆန်းပိုင်းကတည်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လက်နက်ကိုင်တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး ယခင်တိုက်ပွဲများကြောင့် ပလက်ဝတွင် နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၅,၅၀၀ နီးပါး ရှိကြောင်း OCHA က ထုတ်ပြန်သည်။

“ဒေသခံမိတ်ဖက်အဖွဲ့တွေက နေရပ်စွန့်ခွာကြရသူတွေကို အခြေခံလိုအပ်ချက်တွေကူညီပေးနေပေမဲ့ ရွှေ့ပြောင်းနေထိုင်ရတဲ့နေရာအများစုဟာ တားမြစ်ကန့်သတ်ချက်တွေကြောင့် သွားရောက်ကူညီဖို့ခက်ခဲနေပါတယ်” ဟု OCHA က ဆိုသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်များသို့ ဆေးဝါးနှင့် စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်ခြင်းကို အကြမ်းဖက်စစ်တပ်က ကန့်သတ်ထားပြီး ကုန်းလမ်းနှင့် ရေလမ်းပိတ်ဆို့ထားခြင်းအပါအဝင် နေရာအများအပြားတွင် လုံခြုံရေးတင်းကျပ်ထားကြောင်း OCHA ၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ထို့အပြင် ဩဂုတ် ၁၆ ရက်မှစတင်ကာ ရခိုင်ပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်းနေသဖြင့် ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံးရွှေ့ပြောင်းနေထိုင်ရာစခန်းနှင့် ရပ်ကွက်အများအပြားတွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့သည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်တလုံးစခန်းမှ ရေနှင့်မိလ္လာဆိုင်ရာအဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့ခြင်းကို လူသားချင်းစာနာမှုဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများက လာမည့် ရက်များအတွင်း ပြန်လည်ပြုပြင်သွားမည်ဟု OCHA က ထုတ်ပြန်သည်။

(ရခိုင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲများပြန်ဖြစ်လာသဖြင့် ထွက်​ပြေးတိမ်း​ရှောင်​နေ​သော စစ်​ဘေး​ရှောင်ပြည်သူအချို့ ။ ။ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

Facebook