Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

AAက မောင်တောပြည်သူများကို အသိပေးချက်ထုတ်ပြန်ပြီးနောက် ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲက လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

(မောင်တောမြို့ရှိ စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(မောင်တောမြို့ရှိ စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရက္ခိုင့်တပ်တော်(AA)က မောင်တောမြို့ ပြည်သူများကို အသိပေးချက် ဩဂုတ် ၂၃ရက်က ထုတ်ပြန်ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ကြိမ်ချောင်း အမှတ်(၇)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၇) က လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းက မောင်တောမြောက်ပိုင်း၌ အင်အားအကြီးဆုံးဖြစ်သည့် ကြိမ်ချောင်းဗျူဟာကို AA ဘက်က ဝင်တိုက်သည်ဟု ဒေသခံကယူဆခဲ့သော်လည်း စုံစမ်းကြည့်ရာ လက်နက်ကြီးများ ခြိမ်းခြောက်ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ AA ထုတ်ပြန်ချက်ကြောင့် သူတို့ လက်နက်ကြီး ခြောက်လန့် ပစ်ခတ်တာ။ ပစ်ခတ်တော့ဒေသခံတွေက AAက ဝင်တိုက်တယ် တိုက်ပွဲဖြစ်တယ်ထင်တာ။ကျွန်တော်တို့ သေချာစုံစမ်းကြည့်တော့ အဲဒီဘက်က AAက အရာရှိတချို့ကို မေးကြည့်တော့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မနေ့က AA ထုတ်ပြန်ချက်ကြောင့် သူတို့က ခြောက်လန့်ပြီးတော့ လက်နက်ကြီး ပစ်ခတ်တာ။ အဓိကတော့ အဲဒီမြောက်ပိုင်းမှာ AAက အများကြီး အင်အားစုဖွဲ့နေတယ်ဆိုတာကို သူတို့ သတင်းရထားတာနေမှာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

မောင်တောဒေသ အပါအဝင် ရခိုင်ဒေသနေရာအတော်များများ၌ စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

ယခုလ ဩဂုတ် ၁၃ရက်တွင် ရသေ့တောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်၀ ဒေသများ၌ AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ မောင်တောနှင့် ပလက်၀တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်း AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။