Connect with us

Hi, what are you looking for?

သတင်း

AAက မောင်တောပြည်သူများကို အသိပေးချက်ထုတ်ပြန်ပြီးနောက် ကြိမ်ချောင်းနယ်ခြားစောင့်တပ်ဖွဲ့ခွဲက လက်နက်ကြီးဖြင့် ခြိမ်းခြောက်ပစ်ခတ်

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

(မောင်တောမြို့ရှိ စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(မောင်တောမြို့ရှိ စစ်ဆေးရေးဂိတ်တစ်နေရာအား တွေ့ရစဥ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ရက္ခိုင့်တပ်တော်(AA)က မောင်တောမြို့ ပြည်သူများကို အသိပေးချက် ဩဂုတ် ၂၃ရက်က ထုတ်ပြန်ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ကြိမ်ချောင်း အမှတ်(၇)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၇) က လက်နက်ကြီးများဖြင့် ခြိမ်းခြောက်ပစ်ခတ်ခဲ့သည်ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းက မောင်တောမြောက်ပိုင်း၌ အင်အားအကြီးဆုံးဖြစ်သည့် ကြိမ်ချောင်းဗျူဟာကို AA ဘက်က ဝင်တိုက်သည်ဟု ဒေသခံကယူဆခဲ့သော်လည်း စုံစမ်းကြည့်ရာ လက်နက်ကြီးများ ခြိမ်းခြောက်ပစ်ခတ်ခြင်းသာ ဖြစ်သည်ဟု ဒေသခံက ပြောသည်။

“ AA ထုတ်ပြန်ချက်ကြောင့် သူတို့ လက်နက်ကြီး ခြောက်လန့် ပစ်ခတ်တာ။ ပစ်ခတ်တော့ဒေသခံတွေက AAက ဝင်တိုက်တယ် တိုက်ပွဲဖြစ်တယ်ထင်တာ။ကျွန်တော်တို့ သေချာစုံစမ်းကြည့်တော့ အဲဒီဘက်က AAက အရာရှိတချို့ကို မေးကြည့်တော့ နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်တာမဟုတ်ဘူး။ မနေ့က AA ထုတ်ပြန်ချက်ကြောင့် သူတို့က ခြောက်လန့်ပြီးတော့ လက်နက်ကြီး ပစ်ခတ်တာ။ အဓိကတော့ အဲဒီမြောက်ပိုင်းမှာ AAက အများကြီး အင်အားစုဖွဲ့နေတယ်ဆိုတာကို သူတို့ သတင်းရထားတာနေမှာပေါ့” ဟု ရခိုင်ဒေသခံက ပြောသည်။

မောင်တောဒေသ အပါအဝင် ရခိုင်ဒေသနေရာအတော်များများ၌ စစ်ရေးတင်းမာနေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က AA ၏ မောင်တောပြည်သူများသို့ အသိပေးချက်တွင် စစ်ကောင်စီတပ်များ အခြေချရာ နှင့် စစ်ဆေးရေးဂိတ်များ သို့ အတက်နိုင်ဆုံးသွားလာခြင်းမပြုရန် ၊ အကယ်၍ မဖြစ်မနေ သွားလာရမည်ဆိုပါက သတိထားသွားလာကြရန် ဖော်ပြထားသည်။

ယခုလ ဩဂုတ် ၁၃ရက်တွင် ရသေ့တောင်၊ မောင်တောနှင့် ချင်းပြည်နယ် ပလက်၀ ဒေသများ၌ AAနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များခဲ့သည်။ မောင်တောနှင့် ပလက်၀တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းလည်း AAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်