Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ စစ်ကောင်စီတပ် ခြေရှုပ်နေ

“မသင်္ကာတဲ့သူတွေကို ခေါ်စစ်တာ ၊ဆိုင်ကယ်Tool box စစ်တာ လုပ်နေတာ ၊အဖွဲ့လိုက်ကိုပိတ်စစ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မန္တလေးမှာ စစ်ကောင်စီတပ် ခြေရှုပ်နေ
မန္တလေးမှာ စစ်ကောင်စီတပ် ခြေရှုပ်နေ

သြဂုတ်လအတွင်း မြို့ပြပြောက်ကျားအဖွဲ့ဝင် ဖမ်းဆီးခံရမှု ခပ်စိပ်စိပ်ဖြစ်နေတဲ့ မန္တလေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့ လည်း မြို့ပေါ်ရပ်ကွက်တွေမှာ ခြေရှုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသွားအလားများတဲ့ ကျုံးဘေးပတ်ပတ်လည်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အစစ်အဆေးကြမ်းနေသလို ၊ ဓာတ်ပုံတွေနဲ့ တိုက်ဆိုင်စစ်ဆေးနေတာမျိုးတောင် ရှိနေတယ်လို့ ဒေသခံအချို့က ပြောကြပါတယ်။

“မသင်္ကာတဲ့သူတွေကို ခေါ်စစ်တာ ၊ဆိုင်ကယ်Tool box စစ်တာ လုပ်နေတာ ၊အဖွဲ့လိုက်ကိုပိတ်စစ်နေတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ကျုံးဘေးတလျောက် ၊ မြို့ပတ်လမ်းအပါအဝင် အဓိကျတဲ့နေရာအချို့မှာ ပိတ်ဆို့စစ်ဆေးတာတွေလုပ်သလို စစ်ကားတွေနဲ့ ကင်းလှည့်တာကိုလည်းအင်အားတိုး လုပ်ဆောင်နေတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာအိမ်ထောင်စုတစ်စုကိုခွဲတမ်းအနေနဲ့တစ်လစားအုန်းဆီနှစ်ပိဿာခွဲရောင်းချပေးဖို့ဆီဝယ်ယူခွင့်စာအုပ်တွေကိုအာဏာသိမ်းစစ်တပ်ရဲ့ အောက်ခြေအုပ်ချုပ်ရေးပိုင်းကရပ်ကွက်အလိုက်လုပ်ပေးနေတယ်လို့ မြိုခံတွေဆီက သိရပါတယ်။

သတင်း

မန္တလေး‌‌မြို့ ၊ဈေးချိုတော်က ငလျင်ကြောင့်ပျက်စီးသွားတဲ့ တိုက်တန်းဖြိုချနေတုန်းမှာ ပြိုကျသွားပြီး လူနဲ့ ကျန်အဆောက်အဦးတွေထိခိုက်မှုမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။